လေးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်

ပို့စ်တင်ချိန် - 4/29/2014 11:39:00 AM



မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၄ နှစ်ဆန်း   ဇန်န၀ါရီ မှစ၍ ဧပြီ ၂၇ ရက်အထိ ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၂၄၉ဦးရှိခဲ့ကာ ယာဉ်တိုက်မှုပေါင်း ၁၆၁မှုအထိ ဖြစ်ပွားခဲ့သည့်အနက် ယခုဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၃၃ဦးအထိ ရှိခဲ့သည်။

‘‘ယာဉ်မောင်းတွေက မဆင် မခြင်ပြီး မောင်းလို့ဖြစ်တာများ တယ်။  သင်္ကြန်တွင်းဆိုတော့ ယာဉ်တိုက်မှုပိုများသွားတာပေါ့။ ကားအရှိန်လွန်ပြီး မောင်းတာ တွေလည်း ပါတယ်။ လမ်းပေါ်မှာ တစ်နေ့ကို ကားအစီးရေ ငါး ထောင်၊ ခြောက်ထောင်လောက် သွားနေတာ။ ယာဉ်တိုက်မှုဖြစ် တာ အိမ်စီးကားက ပိုဖြစ်တာများ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုများအနက် ဧပြီ ၁၂ ရက်က မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်းခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ် နှစ်စီးတိုက် မိခဲ့သည့် ယာဉ်တိုက်မှုမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သည်။ ထိုယာဉ် တိုက်မှုကြောင့် လူ ၁၂ ဦးကား အတွင်း မီးလောင်သေဆုံးခဲ့ပြီး လေးဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ၍ အမြန်ယာဉ်များကို ဌာနစုံပူး ပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စ တင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အမြန်လမ်းမှ ဖြတ်သန်းနေ ကြသော အမြန်ယာဉ်များ၏ ကြံ့ ခိုင်မှုအခြေအနေများကို  နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ထို့ အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များ တွင် ယာဉ်မောင်း၏ ပေါ့ဆမှုမှာ အများဆုံးပါဝင်နေသည့်အတွက် ယာဉ်မောင်းကိုလည်း လိုင်စင်ရှိမ ရှိ၊ အရက်သေစာသောက်စား ထားမှုရှိ၊မရှိ ပုံမှန်ကျန်းမာရေးအ ခြေအနေရှိ၊မရှိစသည်တို့ကို စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ သတ် မှတ်စည်းကမ်းနှင့်မညီညွတ်သည့် ယာဉ်နှင့် ယာဉ်မောင်းများအားအ ရေးယူသွားမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရဲမှူးသိန်းကိုကိုက ပြောကြားသည်။

စစ်ဆေးအရေးယူမှု စီမံချက် ရေးဆွဲနေပြီဖြစ်ပြီး ရက်ပိုင်းအ တွင်း လုပ်ငန်းစတင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရ ရှိသည်။

အမြန်လမ်းမကြီး  စတင်အသုံးပြုခဲ့သည့် ၂၀၀၉မှ ၂၀၁၄ဧပြီ ၂၇ရက်ထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ၇၇၄မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ  ၃၆၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄၀ဦးရှိခဲ့သည်။

အမြန်လမ်းမကြီး၌  နေ့စဉ် ပျမ်းမျှယာဉ်အစီးရေ တစ်သောင်း ခန့်ဖြတ်သန်းလျက်ရှိပြီး အစိုးရ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်တစ်ပတ်လျှင် လူ ၃ ဦးနှင့်အထက် ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိခြင်း(သို့) သေဆုံးလျက်ရှိသည်ဟုသိရသည်။

ထို့အပြင် ယာဉ်မဆင်မခြင် ဖြစ်ပွားမှုမှာ ယာဉ်မောင်းပေါ့ဆ ခြင်း(သို့)  သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပွားလျက်ရှိသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

7Day Daily