နေပြည်တော်သန်းခေါင်စာရင်း ကရင်/ဗုဒ္ဓကို ကယန်းလူမျိုးအဖြစ် ပြောင်းထည့်ရန် ထွေ/အုပ် ခြိမ်းခြောက်

ပို့စ်တင်ချိန် - 4/10/2014 08:11:00 AM



နေပြည်တော်၊ ဧပြီ (၈)

နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ အရှေ့ခြမ်းတောင်ပေါ်ကျေးရွာ ပြည်ထောင်ကိုးအုပ်စု၊ သန်း ခေါင်စာ ရင်း ကောက် ယူရာတွင် ဦး ဆောင်ပါဝင်သူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင် ကိုးအုပ်စု စာရေး(၁)အဖြစ် တာဝန် ထမ်းဆောင်သူ ဦးအောင်ကျော် ဆန်းသည် ဒေသခံကရင်/ဗုဒ္ဓပြည် သူများကို ကယန်းလူမျိုး ပြောင်းထည့်ရန် ခြိမ်းခြောက်လျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

ကယန်းလူမျိုးပြောင်းမထည့် ပါက မိမိတို့၏ လက်ရှိကျင့်သုံး နေသော ရိုးရာဓလေ့၊ ဘာသာ စကားလုံးဝ ပြောဆိုကျင့်သုံးခြင်း မပြုလုပ်ရဟု နှုတ်အားဖြင့် မတ်လ ၂၃ ရက်နေ့ ည(၆)နာရီခွဲတွင် တစ်ကြိမ်၊ ဧပြီ ၃ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင် တစ်ကြိမ်နှင့် ၎င်းနေ့ ည(၆း၂၀)တွင် တစ်ကြိမ် အိုင် ကွန်စကားပြောစက်ဖြင့် အကြိမ် ကြိမ် ပြောဆိုခြိမ်းခြောက်ခြင်း များ ပြုလုပ်လျက်ရှိေ နကြောင်း ဒေသခံ များက ပြောသည်။…

ထိုသို့ ပြောဆိုခြိမ်းခြောက်ခြင်း ကြောင့် ဒေသခံပြည်သူများအနေ ဖြင့် မိမိတို့၏ လက်ရှိတည်ရှိနေ သော ကရင်/ဗုဒ္ဓမျိုးနွယ်စုတို့မှာ အမှန်အတိုင်း ဖော်ပြရန် အခက် အခဲများ ကြုံတွေ့နေရလျက်ရှိပြီး အဆိုပါ သန်းခေါင်စာရင်းကောက် ယူရာတွင် လူမျိုးနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရ သည့်ကိစ္စကို လိုအပ်သလို ကူညီ ဖြေရှင်းပေးပါရန် မြို့နယ်ပြည်ခိုင် ဖြိုးပါတီသို့ တင်ပြအကူအညီ တောင်းခံထားကြောင်း ဒေသခံ များက မြန်မာသံတော်ဆင့်သတင်း ဂျာနယ်အား အသိပေးပြောကြား ခဲ့သည်။

မိုးယဉ်ညို(နေပြည်တော်)
မြန်မာသံတော်ဆင့်