ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်၊ တရုတ်၊ဗြိတိန်နှင့် ကုလသမဂ္ဂတို့ ပါဝင်ရန် ဗိုလ်ချုပ်ဂွမ်မော်တိုက်တွန်း

ပို့စ်တင်ချိန် - 4/29/2014 11:40:00 AM



Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆

ကံ့ကော် ၊ ရန်ကုန်၊ ဧပြီ ၂၅

အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးလျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိ ကန်၊ တရုတ်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ ပါ ဝင်ရန် KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၂၂ ရက်တွင် ဝါရှင် တန်ဒီစီမြို့တော်သို့ ရောက်စဉ် တိုက်တွန်း ပြောကြားခဲ့သည်။

''ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ အမေရိကန်လို နိုင်ငံကြီးတွေပါဝင်လာရင် ပဋိပက္ခတွေ ဖြေ ရှင်းရေးမှာ နှစ်ဖက်စလုံးကပိုပြီးတော့ ဖိဖိ စီးစီးဆောင်ရွက်နိုင်ပြီးတော့ တရုတ်၊ ဗြိတိန် နဲ့ ကုလသမဂ္ဂတို့လဲ လေ့လာသူအဖြစ် ပါဝင် လာမယ်ဆိုရင် သဘောတူညီချက်မှန်သမျှ လိုက်နာ အကောင်အထည်ဖော်ရေး ကိစ္စ တွေမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါ တယ်''ဟု ဗိုလ်ချုပ်ဂွမ်မော်က ဝါရှင်တန်ဒီစီ တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး သည့်အချိန်တွင် အသိသက်သေအနေဖြင့် နိုင်ငံတကာမှ ပါဝင်သင့်ပြီး လက်ရှိဆွေးနွေး ပွဲများတွင် နိုင်ငံတကာမှ ပါဝင်ရန်မလိုအပ် သေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ် အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ဒေါက် တာဆလိုင်းလျန်မှုန်းက ပြောသည်။

''တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆွေးနွေးပွဲက နိုင်ငံတကာလာဖို့ မလို ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့အချင်း ချင်း တွေ့ဆုံဆွေးနွေးလို့ရနေတာပဲ။ အခု တွေ့ဆုံဆွေးနွေးမှုကနေ လမ်းကြောင်းအား ကောင်းပြီး သဘောတူစာချုပ်တွေ လက် မှတ်ရေးထိုးနိုင်မယ်ဆိုရင် ကျွန်တော်တို့ စဉ်း စားတာက နိုင်ငံတကာခေါင်းဆောင်တွေ ကို အသိသက်သေအနေနဲ့ထားပြီး လက် မှတ်ထိုးမှာပါ''ဟု ယင်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးအဖွဲ့ ဖွဲ့မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် နိုင်ငံ တကာက အကြံပေးအနေဖြင့် ပါဝင်နိုင် ကြောင်း၊ အသွင်ကူးပြောင်းရေးကာလတွင် လူသားချင်း စာနာထောက်ထားသည့် အ ခန်းကဏ္ဍများ၌ နိုင်ငံတကာ၏အကူအ ညီများလိုအပ်ကြောင်းကိုလည်း ဒေါက် တာဆလိုင်းလျန်မှုန်းက ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်အစိုးရအနေဖြင့် အသာစီးရအောင် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးသည့်အနေ ဖြင့် ကြိုတင်စီစဉ်ပြီး တိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ ယင်းအနေဖြင့် တိုက်ပွဲဖြစ်ရသည့် အဓိကအကြောင်းရင်း နှစ်ချက်ကိုတွေ့ရှိ ကြောင်း၊ ပထမအချက်မှာ စစ်ရေးအရ ဖိ အားပေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အ ပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးသည့် နောက် KIA ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ် သည့်တိုက်ပွဲများသာဖြစ်သည်ဟု သုံးသပ် ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ် သည့်အချိန်တွင် KIA အားပျော့ပြီး အ လျှော့ပေးရန်ဆိုသည့် ရည်ရွယ်ချက် ပါလိမ့် မည်ဟု ယူဆကြောင်းတို့ကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးညိုအုန်းမြင့်က ''တကယ်က အားလုံး အခြေအနေမှန်အောင်ကို မသိကြ တော့ အောက်ခြေနဲ့အပေါ်ပိုင်းမှာ တချို့ ကွဲလွဲမှုတွေ ရှိနိုင်တယ်။ သူပြောတာကို မှား တယ်လို့ ပြောမရဘူးပေါ့။ သူ့အနေနဲ့ စိုးရိမ် ကြောင့်ကြလို့ ဖြစ်ပါလိမ့်မယ်''ဟု ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောကြားခဲ့သည်။
တိုက်ပွဲများဖြစ်နေခြင်းနှင့် ပတ် သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်၏ ထင်မြင်သုံးသပ် ချက်မှာလည်း စိုးရိမ်ကြောင့်ကြမှု သက် သက်သာဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ယခု ကဲ့သို့ ပြောကြားခဲ့သည်။

''ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် ခဲ့တဲ့တစ်လျှောက်မှာ အစိုးရဘက်က အသာ စီးရအောင်ဆိုပြီး လုပ်ခဲ့တာမျိုး တစ်ခါမှ မရှိပါဘူး။ အတတ်နိုင်ဆုံး ပြဿနာမဖြစ် အောင် ဆောင်ရွက်ခဲ့ပါတယ်။ အစကတည်း ကလဲ တိုင်းရင်းသားတန်းတူညီရေးကို ရှေးရှု ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလဲ သူ့ရဲ့စိုး ရိမ်မှုသက်သက်ပဲဖြစ်မှာပါ''ဟု ယင်းကပြော သည်။

ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ဝင်လေး ဦးပါဝင်သောအဖွဲ့သည် အမေရိကန်ပြည် ထောင်စုသို့ရောက်ရှိစဉ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ကုလသမဂ္ဂဆိုင်ရာ အမေ ရိကန် အမြဲတမ်းကိုယ်စားလှယ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင် စီ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ အကူအညီပေးရေးဌာနမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ဝါရှင်တန်မြို့တော်ရှိ ဂျွန်ဟော့ ကင်းတက္ကသိုလ် ဃှု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနတို့မှ ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ဂွမ် မော် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆောင် ရွက်မှုများနှင့် ကချင်ပြည်နယ်၏ နောက် ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Photo Credit : Photo: US Department of State

Yangon Media Group