ကိုရင်တစ်ပါး ရထားကြိတ်ခံရသဖြင့် ပျံလွန်တော်မူ

ပို့စ်တင်ချိန် - 4/07/2014 09:53:00 PM


ရန်ကုန်၊ ဧပြီ ၇

၇.၄.၂၀၁၄ ရက်နေ့ ၀၇၁၀ အချိန်တွင် မြောက်ဥက္ကလာပ မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ဘူတာအနီး၊ မိုင်တိုင်အမှတ်(၂၃/၂၄)ကြားတွင် ကိုရင်တစ်ပါး ရထား တိုက်ခံရ၍ ပျံလွန်တော်မူကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ပုရွက်ဆိတ်ကုန်း ရပ်ကွက်ရှိ ဝေနေယျသုခ ကျောင်းတိုက်တွင် ၄.၄.၂၀၁၄ ရက်နေ့မှ စတင်၍ ကိုရင်ဝတ်ခဲ့သည့် ကိုရင်အိန္ဒက(ခ)အောင်မင်းထိုက်၊ (၂၉)နှစ်၊ (ဘ)ဦးထွန်းဝင်း၊ (၈)ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်နေသူဖြစ်ပြီး ဦးခေါင်းပြတ်လျက် ပျံလွန်တော်မူနေသည်ကို တွေ့ရှိ ရပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ကိုရင် အိန္ဒက(ခ)အောင်မင်းထိုက်သည် ၀၆၁၀အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ရထားလမ်းအားဖြတ်ကူးစဉ် မင်္ဂလာဒုံမြို့နယ်ဘက်မှ ရန်ကုန်မြို့တွင်းသို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1243 မြို့ပတ်ရထားမှ တိုက်မိကာ ကြိတ်မိခဲ့သဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ဥက္ကလာပ မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police