အင်ဂျင်ခန်းအပူရှိန်လွန်ကဲရာမှ မော်တော်ယာဉ်မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 4/30/2014 07:33:00 PM



ရန်ကုန်၊ ဧပြီ ၃၀

၃၀.၄.၂၀၁၄ ရက်နေ့ ၁၀၃၅ အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် ယာဉ်(၁)စီးမီးလောင်နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူသွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း နိုင်လင်းသိန်း၊ (၂၃)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ အလုံမြို့နယ်နေသူသည် ၄စ/---၊Toyota Porte ခဲရောင် ကိုယ်ပိုင်ယာဉ်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းအတိုင်း (၇/၈)လမ်းဆုံဘက်မှ ဒဂုံတက္ကသိုလ်ဘက်သို့
မောင်းနှင်လာစဉ် ၁၀၃၀ အချိန် ဗိုလ်စောနောင်လမ်းထိပ်အရောက် အင်ဂျင်အပူရှိန်လွန်ကဲပြီး အင်ဂျင်ခန်းအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၀၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါယာဉ်မီးလောင်မှုကြောင့် ယာဉ်၏အင်ဂျင်ခန်းပျက်စီးကာ တန်ဖိုး
ငွေကျပ်(၂)သိန်းခန့်ဆုံးရှုံးသွားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ
နိုင်လင်းသိန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၂၂၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police