ခရီးသည်ယာဉ်တစ်စီး မီးလောင်ပြန်၊ ယာဉ်မောင်းနှင့် နောက်လိုက်တို့ တာဝန်သိတတ်မှုကြောင့် ခရီးသည်များ အသက်ချမ်းသာရာရ

ပို့စ်တင်ချိန် - 4/24/2014 12:43:00 PM



ရန်ကုန်မှချောက်မြို့သို့ ထွက်ခွာသွားသောပြည့်ဖြိုးအောင်ခရီးသည်တင်ယာဉ်သည် ဧပြီ ၂၁ ရက်က မိုင်တိုင် ၂၈ တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလိုက်ပါလာသည့်ခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းရရှိသည်။

ခရီးသည် ၄၂ ဦးလိုက်ပါလာသော ပြည့်ဖြိုးအောင်ခရီးသည်တင်ယာဉ်သည် ည ၇ နာရီခွဲကဝိုင်ယာရှော့ဖြစ်ရာမှယာဉ်တစ်စီးလုံးမီးလောင်ခဲ့သည်။ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်က ယာဉ်ပေါ်ပါ ခရီးသည်များအားအပြင်သို့ချက်ချင်းထွက်ခိုင်းသောကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ဘောနတ်ကြီးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှူး သန်းဦးကပြောသည်။

‘‘ကားက တစ်စီးလုံး မီး လောင်သွားတယ်။ မီးစလောင် တော့ ယာဉ်မောင်းနဲ့ယာဉ်နောက် လိုက်က ခရီးသည်တွေကို ချက် ချင်းအပြင်ကိုထွက်ခိုင်းခဲ့လို့ ဘာမှမဖြစ်တာပါ။ ဝိုင်ယာရှော့ကနေ မီးစလောင်တာလို့ အဖြေရပါ တယ်’’ဟု စခန်းမှူးသန်းဦးက ပြောသည်။

အဆိုပါခရီးသည်တင်ယာဉ်မောင်းအား ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း စခန်းမှူးသန်းဦးကပြောသည်။

အမြန်လမ်းတွင် ဧပြီ ၁၂ ရက်က တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်သည် အိမ်စီးကားငယ်တစ်စီးကို ဝင်တိုက်ပြီးမီးလောင်ကာခရီးသည်တင်ယာဉ်မှ ခုနစ်ဦးနှင့် အိမ်စီးကားငယ်ပေါ် လိုက်ပါလာသူခြောက်ဦး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဝေးပြေးယာဉ်လိုင်းအချို့သည် ယာဉ်မတော်တဆမှု ဖြစ်ပွားလျှင် အရေးပေါ်ဖြေရှင်းရန်ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်များအား သင်တန်းပေးမှု၊ ခရီးသည်များအား အသိပညာပေးမှု တို့ကိုလုပ်ဆောင်လျက်ရှိသည်။

7Day Daily