ရေကန်အတွင်းသို့မြေစာပုံပြိုကျကာ ရေလျှံတက်၍ ရေချိုးနေသူ(၃)ဦး မျောပါပျောက်ဆုံး

ပို့စ်တင်ချိန် - 4/24/2014 07:45:00 AM


နေပြည်တော်၊ ဧပြီ ၂၂

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ “ကံပွင့်ဦး”ကုမ္ပဏီလုပ်ကွက်တွင် အမြင့်ပေ(၃၀၀)ခန့်ရှိမြေစာပုံဟောင်း ရုတ်တရက် ပြိုကျကာ မြေစာပုံအောက်ခြေမှ အလျား ပေ(၅၀၀)၊ အနံ ပေ(၁၀၀)၊ အနက်(၂၀)ပေရှိ ရေကန်အတွင်းသို့ မြေစာများရောက်ရှိသွားခဲ့ပြီး ရေလျှံတက်မှုကြောင့် ရေကန်အနီးတစ်ဝိုက်တွင် ရေချိုးနေသည့် ဖားကန့်မြို့၊ မြို့မရပ်ကွက်နေ မောင်အောင်တူး(၄)နှစ်ပါ ကျား ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့မှာ လျှံတက်လာသော ရေများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့သည်။ အဆိုပါ ပျောက်ဆုံးနေသူများအား ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များစုပေါင်း၍ ဘက်ဟိုးယာဉ်(၂)စီးဖြင့် ပြိုကျမြေများအား ရှင်းလင်းဖယ်ရှားရှာဖွေခဲ့ရာ ထိုနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် မောင်အောင်တူး၏ အလောင်းအား ရေကန်အနီးတွင်တွေ့ရှိရပြီး ကျန် ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖားကန့်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၇/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar