ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်လိင်စိတ်ကြွဆေးဝါးများဖမ်းဆီး

ပို့စ်တင်ချိန် - 4/12/2014 11:11:00 PM




ရန်ကုန်၊ ဧပြီ ၁၂

၁၂.၄.၂၀၁၄ရက်နေ့ ၁၀၅၀အချိန် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် တရားမ၀င် လိင်စိတ်ကြွဆေးဝါးများရောင်းချနေကြောင်း သတင်း
အရ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့်
(၃၅)လမ်းကြား၊ အနော်ရထာလမ်း ပလက်ဖောင်းပေါ်သို့ သွားရောက် ရှာဖွေရာမင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုတင့်(ခ)တင်အောင်ဦးအား တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများနှင့်အတူ ရောင်းချနေစဉ် ဖမ်းဆီးရမိ
ခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ) ၁၄၈/၂၀၁၄၊ အမျိုးသားဆေးဝါး
ဥပဒေပုဒ်မ ၁၈ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၁၄၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်အရှေ့ရပ်ကွက်နေ ဦးအောင်မြင့်၏ ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ တရားမ၀င် လိင်စိတ်ကြွဆေးဝါးများ သိမ်းဆည်းရမိသဖြင့် ဦးအောင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ) ၂၁၉/၂၀၁၄၊ အမျိုးသားဆေးဝါး
ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၁၅အချိန်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င်လိင်စိတ်ကြွဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရတာမွေ
မြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊သမိန်ပရမ်းလမ်းဘေးပလက်ဖောင်းသို့
သွားရောက်ရှာဖွေရာ တရားမ၀င်လိင်စိတ်ကြွဆေးဝါးများအား
ရောင်ချရန်ခင်းကျင်းထားသည်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါဆေးဝါးများရောင်းချသူ (စုံစမ်းဆဲ)အားအမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police