မန္တလေးကျုံးပတ်လည်ရှိ သင်္ကြန်မဏ္ဍပ်များ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီး

ပို့စ်တင်ချိန် - 4/01/2014 12:19:00 PM


မန္တလေးသင်္ကြန်ပျော်ရွှင်စွာ ဆင်နွှဲရန်အတွက် ကျုံးပတ်လည် တွင် ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ်များ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန္တလေးမြို့အတွင်း ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ် ၅၃ ခုရှိသည့် အနက် ကျုံးတောင်ဘက်ရှိ မဏ္ဍပ် ၁၅ ခုသည် ဆောက်လုပ်မှု အခြေအနေအားဖြင့် ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး ကျန်မဏ္ဍပ်များကိုလည်း သင်္ကြန် မတိုင်မီ ပြီးစီးရေးအတွက် ဆောက်လုပ်လျက်ရှိသည်။

သင်္ကြန်ကာလအတွင်း အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် လမ်းဘေးဈေး ဆိုင်များအား စည်းကမ်း သတ်မှတ်ပေးခြင်း၊အန္တရာယ်ရှိရေပိုက်များဖြင့် ရေကစားခြင်းကိုလည်း ဒဏ်ကြေးငွေ နှစ်ဆတိုးမြှင့် သတ်မှတ်ခြင်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍လည်းကျုံးပတ်လည်တစ်လျှောက်၊ မြို့တွင်းလမ်း များနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရှိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
MOI Webportal Myanmar