ရိုဟင်ဂျာမဟုတ်ဘဲ အခြားလူမျိုးစုအမည်ဖြင့် ထည့်သွင်းခံက " ၈ "ပတ်အတွင်း သန်းခေါင်းစာရင်းကောက်ယူပေးမည်

ပို့စ်တင်ချိန် - 4/11/2014 09:30:00 PM


ရန်ကုန် ဧပြီ ၁၁

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု အမည်စာရင်းပေးသွင်းခြင်းကြောင့် ထည့်သွင်းကောက်ခံခြင်းမပြုခဲ့သူများကို အခြားလူမျိုးစုအမည်ဖြင့်
သန်းခေါင်စာရင်းတွင်ထည့်သွင်းကောက်ခံမည်ဆိုပါက ၈ ပတ်အတွင်း
အချိန်မရွေး ကောက်ခံပေးသွားမည်ဟုလူဝင်မှုကြည့်ကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီကပြောသည်။

ယခုနှစ် မတ်လ ၃၀ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ ထိ သန်းခေါင်စာရင်း
ကောက်ခံရာတွင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာဟု ပြောဆိုထည့်သွင်း
ခိုင်းသူများကို ကောက်ခံခြင်းမပြုခဲ့ပေ။ ထိုကောက်ခံခြင်းမခံရသူများသည် အခြားသန်းခေါင်စာရင်းကောက်ခံရာတွင်ပါဝင်သည့် လူမျိုး၊ လက်ခံသည့်
လူမျိုးစာရင်းကို ထည့်သွင်းမည်ဆိုပါကအချိန်မရွေးအကြောင်းကြားပေး
ခြင်းဖြင့် ၈ ပတ်အတွင်းလာရောက်ကောက်ခံပေးမည်ဖြစ်သည်။

"ရိုဟင်ဂျာကိုလက်မခံဘူး၊အခြားလူမျိုးထည့်မယ်ဆိုရင်အချိန်မရွေးလာ
ပြောပါ။ ၈ပတ်အတွင်း ကောက်ပေးပါ့မယ်"ဟု၎င်းကပြောသည်။

သန်းခေါင်စာရင်းကာက်ခံရာတွင်ရိုဟင်ဂျာအမည်ကို မထည့်သွင်းရခြင်းမှာ ၎င်းရိုဟင်ဂျာဟုဆိုသူများသည် ယခင်သန်းခေါင်စာရင်းကောက်ခံချိန်
ကာလသက်တမ်းတစ်လျှောက်တွင်ဘင်္ဂါလီဟုသာထွက်ဆိုခဲ့၍ ယခု
အချိန်မှသာရိုဟင်ဂျာဟုပြောဆိုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၄င်းတို့ ၏
မျိုးရိုးစဉ်ဆက်အထ္တိုပတ္တိ များမှာလည်း လ၀က ရုံးတွင် ရှိကြောင်း ဦးခင်ရီ ကဆက်ပြောသည်။

ဇေဝေယံ

Popular Myanmar News Journal