ဆင်ဆာမလိုကာမှ အရည်အသွေး ပြိုကျလာပြီလား မြန်မာဗီဒီယို

ပို့စ်တင်ချိန် - 4/10/2014 11:09:00 AM




‘ရုပ်ရှင်သည် ပြည်သူ့အတွက်’ ဟူသော စကားရှိသည်။ အနုပညာကို လူတိုင်းချစ်သည်။ လူတိုင်းကလည်း အနုပညာကို စောင့်ကြည့်သည်သာမက အနုပညာကို ဖန်တီး သူ အနုပညာရှင်ကိုပါ စောင့်ကြည့်တတ်သည်။ အနုပညာရှင်တစ်ယောက်၏စကားတစ်ခွန်း၊ ဝါဒ တစ်ခု၊ အပြုအမူ တစ်ခုသည် ပရိသတ်များရှေ့ သက် ရောက်မှု အမြဲရှိ စမြဲ။အနုပညာရှင် များသည်လည်း ပရိသတ်တွေရှေ့မှ စံပြကောင်းတစ်ယောက်၊ တစ်ဦးဖြစ်အောင် နေထိုင်ပြုမူဖို့ လိုအပ်စမြဲ။

ဆင်ဆာလျှော့ပေါ့မှု မရှိသေးသည့် ခေတ်ကာလ တွင် မြန်မာရုပ် ရှင်အနုပညာလောကမှာ ပရိသတ်ရင်ထဲဝင်ရောက်နေရာယူ သည့် ဇာတ်ကားပေါင်းများစွာကို အနု ပညာရှင်တွေက ဖန်တီးခဲ့ဖူးသည်။ တိုးတက်လာသည့် ဒီမိုကရေစီခေတ်ကာလမှာ ဆင်ဆာလျှော့ ပေါ့မှုဆိုတာ အနုပညာရှင်တွေက အကျိုးခံစားခွင့် ရသည်။ဆင် ဆာေ လျှာ့ပေါ့မှု ရှိလာသော်လည်း ပရိသတ်တွေရင်ထဲ ဝင်ရောက်နေရာယူသည့် ဇာတ်ကားများက နည်းသထက်နည်းလာသည်။

အရည်အချင်းတစ်ခုက နောက်ကျကျန်ခဲ့ပြီး အရေ အတွက်များ လာတာ တွေ့ရသည်။ဆင်ဆာလျှော့ပေါ့ပေးမှု၏ ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ ဝေဖန်စရာ ဖြစ်လာသည်။

၂ဝ၁၃ ခုနှစ် ဗီဒီယိုဇာတ်ကားပေါင်း ၉၁၇ ကား၊ ကာရာအိုကေ၂၁၂ ကားခွင့်ပြုခဲ့ပြီး ၂ဝ၁၄ ခုနှစ် မတ်လအထိ ဇာတ်ကားပေါင်း ၂၇ဝ ကား၊ ကာရာအိုကေ ၆၅ ကား ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။ ယနေ့ ဗီဒီယိုဈေးကွက်ပျက်လုပြီဟု ပြောဆိုဝေဖန်ကြသော်လည်း ဗီဒီယိုဇာတ်ကားထွက်ရှိမှုက အရင်ထက် အရေအတွက် များသည် ကို တွေ့ရသည်။

”တစ်ပတ်ကို ဇာတ်ကား ၂ဝ မှ ၃ဝ အထိ ဆင်ဆာစစ်ဆေးရန် လာရောက်တင်ပြနေတဲ့အတွက် ဗီဒီယိုဇာတ်ကား ထုတ်လုပ်မှု ဟာ လျော့နည်းကျ ဆင်းသွား ခြင်းမရှိသည် ကို စာရင်းဇယားများ အရ တွေ့ရှိရပါတယ်” ဟု ဗီဒီယိုဆင်ဆာအဖွဲ့မှ ပြောသည်။ အရင်က ရုပ်ရှင်ဇာတ်ကားတစ်နှစ်မှာ ကား ၁ဝဝ လောက်ထွက်ရှိပြီး ဗီဒီယိုခေတ်ေ ကာင်း ကာလအတွင်း မှာကားပေါင်း တစ်နှစ်မှာ ၃ဝဝ အထိ ရိုက်ကူးထုတ်လုပ်ကြကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း သရုပ်ဆောင်ဇင်ဝိုင်းထံမှ သိရသည်။

”အရင်က ရသစာပေအားကောင်းပြီး ရိုက်ကူးစရာဇာတ်လမ်းတွေ များပြားခဲ့တယ်။ ခုက ရသစာပေအားနည်းသွားပြီး ရိုက်ကူးမှုက တစ်နှစ်ကိုကား တစ် ထောင်လော က်ရှိတော့ ကွဲမထွက်သွားနိုင်တော့ဘူး” ဟု ဇင်ဝိုင်းက ပြောသည်။ ရွေးချယ်စရာဇာတ်လမ်းတွေ နည်းပါးလာပြီး ဗီဒီယိုဈေးကွက်ပျက်အောင် အရေအတွက်ကို ထိန်းချုပ် ကန့်သတ်ရိုက် ကူးမှုကိုလည်း လုပ်လာခဲ့ကြသည်။ ဇာတ်လမ်းရှားပါး မှုကြောင့် ကော်ပီကူး သည့် ဇာတ်ကားအရေအတွက်လည်းများလာသည်။

”မိသားစုစားဝတ်နေရေးကြောင့် မှီငြမ်းကား တွေကို ရိုက်ကူးခဲ့တယ်။ ဒါပေမဲ့ ကွဲထွက်အောင် ကြိုးစားပြီး အချိန်ယူရိုက်ကူးခဲ့ပါတယ်။ ဝိုင်းလည်းသူခိုးပဲ။ ဒါပေမဲ့ စည်းရှိတဲ့ သူခိုးပါ” ဟု ဝိုင်းက ပြောသည်။ ဈေးကွက်နောက် ကိုလိုက်ခြင်း၊ ပရိသတ်နောက်ကိုလိုက်ခြင်းထက် အနုပညာ ကို ကောင်းအောင်ရိုက်ရင်း အနုပညာနောက်ကိုလိုက်ပြီး ပရိ သတ်ကြိုက် အောင် ဈေးကွက်ဝင်အောင် ရိုက်သင့်ကြောင်း ဝိုင်းက ထပ်လောင်းပြောသည်။

ဆင်ဆာတွေ လျှော့ပေါ့မှုပေးလာသည့်အခါမှာ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုဘောင်ကျွံပြီး တင်ပြလာသည့်အခါ ပရိသတ်တွေရဲ့အားပေးမှု ထက် ဝေဖန် မှုက ပိုများ တာတွေ့ရသည်။ ဇာဂနာက

”ဆင်ဆာလျှော့ပေးတာ အရည်အသွေးမြှင့်တင်ဖို့၊ အရင်က ရိုက်ကူးခွင့်မပေးတဲ့ကားတွေ ရိုက်ကူးသင့်တယ်။ ဖော်ဖို့ချွတ်ဖို့ဆဲဖို့တွက် ဆင်ဆာက လျှော့တာ မဟုတ်ဘူး” ဆက်ပြီး ဇာဂနာက ”ရေသာခိုအချောင်လိုက်ပြီး မဖန်တီးမကြိုးစားဘဲ ကော်ပီပဲကူးနေရင်တော့ စိတ်ချ၊ ပရိသတ်တွေ ဒဏ်ခတ်တာ ခံလိုက် ရမယ်” ဟုပြောသည်။

ပွင့်လင်းလာသည့် ယနေ့ခေတ်တွင် ဇာတ်ကားများထဲတွင် အပြောအဆို စရိုက်ကြမ်းသည့်အသုံးအနှုန်းတွေ လည်း မြင်တွေ့လာရ သည်။ ”ဆင်ဆာလူကြီးတွေ ဟာ ပရိ သတ်တွေပါ။ ဇာတ်ကား ကာရိုက် တာအရ ဝတ်စားမှု၊ ပြောဆိုမှုတွေဟာ ကာရိုက်တာကို ပံ့ပိုးပေးတဲ့အရာဖြစ်တယ်။ လိုအပ်တာ ထက်တော့ပိုမသုံးသင့်ဘူးပေါ့” ဟု ဇင်ဝိုင်း က ပြောသည်။

ပျက်လုနီးပါးဟု ဝေဖန်ခံရသည့် ဗီဒီယိုလောကကို ဒါရိုက်တာဝိုင်းရဲ့ အဖြေကတော့ ရိုးစင်းလှသည်။ ကိုယ့်လုပ်ရပ်တွေဟာ မှန်သလားမှားသလားဆိုတာ အခု ဗီဒီယိုေ လာ ကကို ပရိသတ်တွေက ဒဏ်ခတ်တာခံနေရပါပြီ” ဟု ဝိုင်းက သုံးသပ်သည်။ဗီဒီယိုလောကဖြင့် ဘဝရှင်သန်မှုအတွက် လုပ်ကိုင်စားသောက်သည့် အနုပညာ ရှင် ရာခိုင်နှုန်းမှာ ၈ဝ ရာခိုင်နှုန်းနှင့် ၉ဝ ရာခိုင်နှုန်းကြားမှာရှိပြီး ဗီဒီယို လောကပျက်သွားပါက မိမိလောကသားတွေ ထမင်း အိုးကွဲမည့်အဖြစ်ကို မလိုလားပါဟု အကယ်ဒမီဇင်ဝိုင်းက ပြောသည်။

ဗီဒီယို ဇာတ်ကားရိုက်မှုမှာ ဆင်ဆာလွတ်လပ်ခွင့် အောက်မှသွားပြီး ရုပ်ရှင်ရိုက်ကူးမှုကတော့ ဆင်ဆာလွတ်လပ်ခွင့်အောက်မှ မသွားသေးကြောင်း သိရသည်။ ဗီဒီယိုဆင်ဆာအဖွဲ့က ရုပ်ရှင်ရိုက်ကူးမည်ဆိုလျှင် ”ဇာတ်လမ်းခွင့်ပြုချက်ကိုရယူ။ ပြီးမှ ရိုက်ကူးမှုလုပ်။ ပြီးရင်ဆင်ဆာပြန်တင်စနစ်ဖြစ်ပြီး ဗီဒီယိုကားကတော့ ဇာတ်လမ်း ကြိုတင် ခွင့်ပြုချက် ရယူဖို့မလိုပဲ ရိုက်ကူးပြီးမှ ဆင်ဆာစစ်ဆေးမှု ခံယူရပါတယ်” ဟု ပြောကြားခဲ့သည်။

ဒါရိုက်တာဝိုင်းက ဆင်ဆာလွတ်လပ်ခွင့်ရပြီး မှီ ငြမ်းကားတွေနဲ့ ပရိသတ်အကြိုက်ကိုတလွဲရိုက်ကူး ပြတာများလာရင် ဆင်ဆာလွတ် လပ်မှု ပြန်ထိ ပါးနိုင်ကြောင်း ပြော သည်။ မြန်မာဇာတ် ကားတွေ အကြည့်နည်းခြင်းဟာ ပွင့် လင်းမြင်သာမှုက မဟုတ်သည့်ဘက်မှာရှိပြီး ပွင့်လင်း သင့်သည့်ဘက်မှာ ပွင့်လင်းမှုမရှိသည်ကို ပရိသတ်က အကြည့်နည်းသွားရခြင်းဖြစ်ကြောင်း သိရသည်။ ”ကူးထားရင် ဒါရိုက်တာ အပါအဝင်ထုတ်လုပ်သူကပါ မှီငြမ်းထားကြောင်း ဝန်ခံရမယ်” ဟု ဇင်ဝိုင်းက ပြောသည်။

” ဗီဒီယိုလောကဖျက်လိုက်ပါလို့ ကျွန်တော် မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုလောကနဲ့ ထမင်းစားရတဲ့ ကိုယ့်အနုပညာရှင်တွေ ရှိတယ်။ သို့ သော် လတ် တေ လာမှာ အလိုအပ်ဆုံးက စစ်မှန်တဲ့ ထုတ်လုပ်သူ၊ ငွေရင်းနှီးသူနဲ့ ဖန်တီးနိုင်တဲ့ စစ်မှန်တဲ့ ဒါရိုက်တာစစ်စစ်လိုအပ်တယ်” ဟု ဇာဂနာက သုံးသပ်ခဲ့သည်။ ရုပ်ရှင် အစည်း အရုံး ရုပ်ရှင်လောကသည် တိုးတက်ပြောင်းလဲ လာသည်မှန်သော်လည်း စည်းကမ်းရှိ ပြီးအချိန်ကို လေးစားသည့် သရုပ်ဆောင်များက အရင်ကထက် နည်းပါးလာသည်ဟု ဒါရိုက်တာတစ်ဦးက သုံးသပ်ထားသည်။

ရုပ်ရှင်လောက တိုးတက်လာမည်၊ ဇာတ်ကားများစွာ ရိုက်ကူးလာမည်။ သို့သော် တင်ပြဖို့ ရုံမရှိရင် ရုပ်ရှင်လောက ကွယ်ပျောက်သွားမှာလား။ ဆင်တူယိုးမှား ဇာတ် ကားတွေများလာရင်၊ ဗီဒီယိုဈေးကွက်ဟာ ကွယ်ပျောက်နိုင်မည်လား မေးစရာ ရှိသည်။

”ကျွန်တော်ကကိုရီးယားထက်ကျော်အောင် ရိုက်ပြမယ်မပြောရဲဘူး။ ဒါပေမဲ့ ဝိုင်း ဇာတ်လမ်းတွဲရိုက်ဖို့ ရှိပြီ။ ဗီဒီယိုလောကကို လွတ်လပ်စွာ ဝိုင်း အမြင်ပြောပါဆို ဒီတိုင်းသာဆက်သွားရင် ယုံကြည်တယ် မကြာ ခင် ပျောက်ကွယ်သွားလိမ့်မယ်” ဟု ဝိုင်းက သုံးသပ်ချက်ချသည်။

ထူးထူး

Popular Myanmar News Journal