ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံး၊ ၂၀ ဒဏ်ရာ

ပို့စ်တင်ချိန် - 4/02/2014 10:42:00 PM


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ဒဏ်ရာရတယ်လို့ ဘန်ကောက် အီရာဝန် ဆေးဌာနက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမားတယောက်က မြေတူးရင်း တွေ့ရှိခဲ့ပြီး ဂိုဒေါင်က ၀ယ်ယူသွားတာပါ၊ ဗုံးပေါက်မှုကြောင့် ဂိုဒေါင်မှာ မီးလောင်သွားပြီး အနီးအနားက အိမ်တွေ ဒါဇင်နဲ့ချီပြီး ပျက်စီးသွားခဲ့ပါတယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် သုံးမီတာ၊ အကျယ် ၈ မီတာ ရှိတဲ့ တွင်းကြီး ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဗုံးကို အပိုင်းပိုင်းဖြစ်သွားအောင် ခွဲဖို့ တိုက်တွန်းရာကနေ အခုလို ပေါက်ကွဲသွားတာပါ။

DVB TV News