မုံရွာမြို့သလ္လာရပ်ကွက်တွင် မီးလောင်

ပို့စ်တင်ချိန် - 4/26/2014 01:28:00 PM


သတင်း + ဧာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ စက်မှုလယ်ယာ ထွန်စက်စခန်း၏ အရှေ့ဘက်၊ မြ၀တီလမ်း၏ တောင်ဘက်တွင် ယခုလ ၂၅ ရက်နေ့ည ၁၁ နာရီအချိန်က မီးလောင်မှုတစ်ရ့်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် ၁၁ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး မုံရွာမြို့ပေါ်ရှိ မီးငြိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ်(၅)စီးတို့ဖြင့် မီးငြိမ်းသတ်လျက်ရှိရာ ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးညွှန့်ကျိုးသွားခဲ့သော်လည်း အပြီးတိုင်ငြိမ်းသတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိ နေကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ခြေမည်မျှ ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် မီးစတင်လောင်ကျွမ်းရခြင်း အခြေအနေများကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်လျက်ရှိနေဆဲဖြစ်သည်။
ပတ်ဝန်းကျင်၏ ခန့်မှန်းပြောဆိုချက်များအရ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၂၀ ခန့်ဖြစ်နိုင်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရသိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း နောက်ဆုံးစုံးစမ်းချက် များအရ သိရှိရသည်။

ကိုတိုး ချင်းတွင်း