သန်လျင်မြို့နယ် မြို့လယ်ခေါင်နေအိမ်တွင်ဓားခုတ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/07/2014 05:36:00 PM


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် မြို့သစ်အနောက်ရပ်ကွက် ကြံခိုင်ရေးလမ်း မြို့လယ်ခေါင်တွင် နေထိုင်သူ ဦးခင်လှိုင် (လယ်ယာကုန်သွယ်ရေးအငြိမ်းစား)မိန်းမဖြစ်သူ ဒေါ်အေးအေးလွင် (အထက-၄)အလယ်တန်းပြ ဆရာမတို့၏ နေအိမ်တွင်ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂.၄.၂၀၁၄ခုနှစ် ည(၈း၄၅)အချိန်ခန့်တွင် သန်လျင်မြို့ မြို့သစ်အနောက်ရပ်ကွက် ကြံ့ခိုင်ရေးလမ်းတွင် နေထိုင်သူ ဦးခင်လှိုင်(လယ်ယာကုန်သွယ်ရေးအငြိမ်းစား)မိန်းမဖြစ်သူ ဒေါ်အေးအေးလွင်(အထက-၄)အလယ်တန်းပြ ဆရာမတို့၏ နေအိမ်အတွင်းသို့ဝင်ရောက်၍ ဓားဖြင့် ခုတ်သော ဦးခင်တိုးနှင့်အမည်မသိလူတစ်ဦးတို့က နေအိမ်ရှိ အနောက်မီးဖိုချောင်ထဲမှ ဓားကိုယူကာ ခုတ်ခဲ့သောကြောင့် ဦးခင်လှိုင်၏ လယ်ဂုတ်ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်တို့ရရှိပြီး၊ ဒေါ်အေးအေးလွင်၏ ဦးခေါင်းပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ရရှိကာ သန်လျင်မြို့ မဆေးရုံးမှ ရန်ကုန်အရေးပေါ်ဆေးရုံးကြီးသို့ အတွင်းလူနာအဖြစ်ရောက်ရှိသွားကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ဒေါ်အေးအေးလွင်၏ အစ်မဖြစ်သူ ဒေါ်တင်ဌေး အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သူက တရားလိုပြုကာ သန်လျင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ သန်လျင်မြို့မရဲစခန်းက (ပ/၂၂၈/၁၄)ပုဒ်မ(၃၂၆/၁၁၄/၄၅၂) ဖြင့်အမှုဖွင့်ကာ စခန်းမှူးကသွားရောက်စစ်ဆေးခဲရာ ဦးခင်လှိုင်၏ ပြောကြားချက်အရ (၁)တရားခံ ဦးခင်တိုး(၆၆) နှစ်(ဘ)ဦးဘအေး ထန်းပင်ကုန်းရပ်ကွက်တွင် နေထိုင်သူနှင့်(၂)တရားခံ (စုံစမ်းဆဲ)တို့အား ဆက်လက်၍ စစ်ဆေး ဆောင်ရွက် လျက်ဖြစ်ကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်


ဖုန်း-၀၉.၄၂၁၀၂၂၅၇၈