ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် မီးလောင်မှုသတင်း

ပို့စ်တင်ချိန် - 4/26/2014 11:36:00 PM


ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် (၁၃)ရပ်ကွက် အမှတ် ၁၉/အေ ပန်းခြံ ကျောင်းလမ်းနှင့် သီရိမြိုင် လမ်းထောင့်တွင် (၂၆-၄-၂၀၁၄) ရက်နေ့ ညနေ (၃:၀၇) နာရီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးဝင်းကြိုင် (မွေ့ယာ လုပ်ငန်းဆိုင်ပိုင်ရှင်)၏ နေအိမ်တွင် အိတ်ဇော Fan မော်တာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းရာ လူနေအိမ်ခြေ (၄)လုံး မီးလောင်ကျွမ်းပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ခန့်မှန်း (၂၅)သိန်း (၇)သောင်းဖိုးခန့် ရှိပြီး ညနေ (၃:၂၅) နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၃:၄၀) နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
MRTV