သန်းခေါင်စာရင်းကောက်ယူသော အဖွဲ့များ ဘင်္ဂါလီရွာများတွင် စာရင်းမကောက်ရဘဲ လမ်းလျှောက်နေရ

ပို့စ်တင်ချိန် - 4/01/2014 10:40:00 AM




ဘင်္ဂါလီကျေးရွာများသို့ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းသွားရောက်ကောက်ယူနေစဉ် (ဓာတ်ပုံ - အောင်ခိုင်)
စစ်တွေမြို့နယ်အတွင်းရှိဘင်္ဂါလီကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု စာရေးကန့်ကွက်မှု၊ ရိုဟင်ဂျာဟုသာ ဖြေဆိုမှုဆက်လက်ကြုံတွေ့နေကြောင်း သတင်းရရှိသည်။

မတ်လ ၃၁ ရက်က စစ်တွေ မြို့ ဆုမေကျေးရွာ၌ သန်းခေါင် စာရင်းကောက်ယူရာ ယင်းကျေး ရွာအ၀င်လမ်းဘေးရှိ အုတ်နံရံ များ၌ လူမျိုးရိုဟင်ဂျာကို ဖြည့် စွက်ပါဟု မြေဖြူဖြင့် စာများရေး သားထားသည်ကိုတွေ့ရသည်။ ဘုမေကျေးရွာအတွင်း သန်းခေါင်စာရင်းဝင်ရောက်ကောက်ယူရာတွင်လည်း ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာဟုသာ ဖြေဆိုသောကြောင့် စာရင်းကောက်ဝန်ထမ်းများက ဆက်လက်ကောက်ယူခြင်း
မပြုတော့သည်ကို တွေ့ရသည်။

 ‘‘ရိုဟင်ဂျာဆိုရင် ဆက် ကောက်စရာမလိုတော့ဘူး’’ဟု လုံခြုံရေးကို အနီးကပ်ကွင်းဆင်း ကြီးကြပ်နေသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

 ဘင်္ဂါလီများကို သန်းခေါင်စာရင်းကောက်ယူရာ၌ အချို့သူ များမှာ ဗမာ၊ ရခိုင်စသည့် ဘာသာစကားကို နားလည်ခြင်းမရှိဘဲ  စကားပြန်မှတစ်ဆင့်ဝင်ရောက်ပြောဆိုပေးမှ ဖြေဆိုနိုင်သည်ကိုလည်း တွေ့ရသည်။

‘‘အပြင်ကနေ ဘာလူမျိုးလည်းမေးတယ်။ ရိုဟင်ဂျာဆို ဆက်မမေးဘဲ လှည့်သွားတယ်။’’ ဘင်္ဂါလီရွာများ၌ သန်းခေါင်စာ ရင်းကောက်ယူရာတွင် လိုက်ပါ နေသော အင်ဘာလာရပ်ကွက် နေဦးအောင်ဝင်းကဆိုသည်။

 ဘုမေကျေးရွာတွင် သန်း ခေါင်စာရင်းကောက်ယူရာ၌ အ ချို့နေရာများတွင် စာရင်းစစ်ဝန်ထမ်းများ
နောက်သို့လူစုလူဝေးဖြင့် လိုက်လံကြည့်ရှုမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားခဲ့သည်။ ဘင်္ဂါလီကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် တပ်မတော်က အပြင်လုံခြုံ ရေးယူပေးပြီး ရဲတပ်ဖွဲ့နှင့် ရဲတပ်ရင်းတို့မှ စာရင်းစစ်၊ စာရင်းကောက်များအား အတွင်းအထိ လုံခြုံရေးလိုက်
ပါဆောင်ရွက်ပေးကြောင်း မြင်တွေ့ရသည်။

‘‘စာရင်းလိုက်မှတ်ရတာမှ သက်သာပါသေးတယ်။ အခုရို ဟင်ဂျာ၊ ရိုဟင်ဂျာဆိုတော့ မမှတ်ရဘဲနဲ့ လျှောက်သွားနေရတာက ပိုပင်ပန်းတယ်’’ဟု ဘုမေကျေးရွာ တွင် သန်းခေါင်စာရင်းကောက် ယူခဲ့သော ဒေါ် ဌေးရီကဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုမေကျေးရွာအတွင်း တစ်အိမ်ဝင်၊ တစ်အိမ်ထွက်သန်းခေါင်စာရင်းကောက်ယူရာ စာရင်းကောက်၊ စာရင်းစစ်များ၏ လုံခြုံ ရေးကို အထူးတင်းကျပ်ဆောင်ရွက်ပေးခဲ့သည်။

 ‘‘ကိုယ်သိတဲ့နေရာလည်း မဟုတ်ဘူး။ ပြဿနာတွေလည်း ရှိနေတာဆိုတော့ အခုသူတို့ရှိတဲ့ နေရာကို လာရတာ စိုးရိမ်မိတာ အမှန်ဘဲ’’ဟု အသက် (၂၀) ကျော်စာရင်းကောက်ဆရာမတစ်ဦးကဆိုသည်။

 ယမန်နေ့က ဘာဆာရာ ဘင်္ဂါလီကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ရိုဟင်ဂျာဟု ဖြေဆိုခဲ့မှုကြောင့် သက်ဆိုင်ရာမှ ဆက်လက်မကောက်ယူခဲ့ပေ။

ပြည်ထောင်စုအစိုးရညွှန် ကြားချက်ဖြင့် မတ်လ ၂၉ရက် က သန်းခေါင်စာရင်းတွင် တရားမ၀င်သော ရိုဟင်ဂျာလူမျိုးဟူ သုံးနှုန်းခြင်းကို လက်မခံကြောင်း စာထုတ်ပြန်ခဲ့သည်။

ဘုမေကျေးရွာရှိ ကမန် တိုင်းရင်းသားများမှာမူ သန်းခေါင် စာရင်းကောက်ယူမှုကို လိုလို လားလားဖြေဆိုပေးခဲ့သည်ကို တွေ့ရသည်။

 ‘‘အားလုံးအဆင်ပြေပါ တယ်။ ဖြေပြီးသွားပါပြီ’’ဟု အ သက် (၄၀) အရွယ်ကမန်တိုင်း ရင်းသားတစ်ဦးက ပြုံးရွှင်စွာဖြင့် ပြောသည်။

ဧပြီလ ၁ ရက်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများဖြစ် ပွားခဲ့သော စစ်တွေမြို့အနောက် ဘက် သဲချောင်းတစ်လျှောက်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ ကျေး ရွာများတွင် သန်းခေါင်စာရင်း ဆက်လက်ကောက်ယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7day daily