ရန်ကုန် မဟာသင်္ကြန် ရေကစားလိုသူများ ယာယီရေဆက် သွယ်ခွင့် လျှောက်ရန်လို

ပို့စ်တင်ချိန် - 4/03/2014 10:28:00 AM




ရန်ကုန် ဧပြီ ၂

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပိုင်ရေပိုက်လိုင်း၊ အင်လျား ကန်နှင့် ကန်တော်ကြီး ကန်တို့မှ ရေကို ဆက်သွယ် ကစားလိုသည့် ကိစ္စရပ် များကို စိစ်ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)သို့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ယာယီရေ ဆက်သွယ်ရန် အတွက် ခွင့်ပြုမိန့်လျှောက်ထားကြရမည်။

ယာယီရေဆက်သွယ်ခွင့်လျှောက်လွှာများကို မြို့နယ် အုပ်ချုပ် ရေးမှူးရုံးရှိ မြို့နယ် (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့တော် ခန်းမဒုတိယထပ်ရှိ အင်ဂျင် နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ရုံးခန်း၌ အခမဲ့ထုတ်ယူနိုင်ပါသည်။
ခွင့်ပြုမိန့် လျှောက်ထားရာ၌ သတ်မှတ်လျှောက်လွှာတွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး များနှင့် မြို့နယ် (ရေ/သန့်)တာဝန်ခံတို့၏ မှတ်ချက်ရယူပြီး အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)မှ မဏ္ဍပ် ဆောက် လုပ်ခွင့် လျှောက်လွှာတို့ပူးတွဲ၍ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှိ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဝန်ထမ်း များက ရေဆက် သွယ်သူများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များနှင့် အညီ ရေကစား မဏ္ဍပ်သို့ ရေဆက် သွယ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ကော်မတီပိုင်ရေပိုက်လိုင်းများ၊ အင်းလျားကန်၊ ကန်တော်ကြီး ကန်နှင့် အခြားမြေစိုက်ကန်များမှရေကို ဆက်သွယ်၍ ရေကစားခြင်း မပြုရန်နှင့် ကော်မတီပိုင် မီးသတ် ပိုက်ခေါင်း များမှ ဆက်သွယ်၍ ရေကစားခြင်း လုံးဝ(လုံးဝ)မပြုရန်နှင့် ပြုလုပ်ပါက ဥပဒေ စည်းကမ်းများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟုသိရသည်။

MOI Webportal Myanmar