သင်္ကြန်ကာလအတွင်း အိတ်ဇောသံဆူညံသည့်ဆိုင်ကယ်များ အသိမ်းခံရမည်

ပို့စ်တင်ချိန် - 4/05/2014 05:52:00 PM

မန္တလေးသင်္ကြန်ပွဲတော်ကာလအတွင်း ရေပက်ခံထွက်နေသည့်ဆိုင်ကယ်များအားတွေ့ရစဉ်(ဓာတ်ပုံ − ညီညီဇော်)



ညီညီဇော်
မန္တလေး− မန္တလေးမြို့သင်္ကြန်ပွဲ တော်တွင် မော်တော်ဆိုင်ကယ် များ အိတ်ဇောစက်သံဆူညံစွာ မောင်းနှင်ပါက သင်္ကြန်ပွဲတော် ကာလအတွင်း ဆိုင်ကယ်သိမ်း ဆည်းခံရမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ဆိုင်ကယ်အိတ်ဇောစက် သံဆူညံသည့်မော်တော်ဆိုင် ကယ်များအား ပွဲတော်ရက်မတိုင် မီ ခုနစ်ရက်ကြိုတင်ကာ နေ့စဉ်နေ့တိုင်း လမ်းဆုံလမ်းခွများတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူ သွားမည်ဖြစ်သည်။ သင်္ကြန်ပွဲ တော်ရက်မတိုင်မီ အရေးယူသော ဆိုင်ကယ်များအား တရားစွဲဆို ပြီး အိတ်ဇောလဲလှယ်စေကာ ဆိုင်ကယ်ပြန်လည်ထုတ်ပေး သွားမည်ဖြစ်သည်။ ပွဲတော်ကာလ အတွင်းအရေးယူသောဆိုင်ကယ် များကိုမူ ပွဲတော်ပြီးဆုံးပြီးနောက် တရားစွဲဆိုပြီးမှသာ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသင်းကိုကိုကပြောကြားသည်။ ‘‘တစ်နှစ်က ဆို အိတ်ဇောဖြုတ်မောင်းတဲ့ ဆိုင်ကယ်တွေဖမ်းတာ အစီးခုနစ် ရာကျော်တယ်။ ရုံးဝင်းထဲကိုထား လို့မရတော့အောင်များတာ’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
အိတ်ဇောစက်သံဆူညံခြင်း အပြင် လမ်းပိတ်ဆို့ခြင်း၊ လမ်း ပြောင်းပြန်မောင်းနှင်ခြင်းများကို လည်း အရေးယူသွားမည်ဖြစ် ကြောင်း ရဲမှူးကပြောကြားသည်။
‘‘အိတ်ဇောသံတွေဆူတာ တအားအမြင်ကတ်တယ်။ တစ် ချက်တစ်ချက် လန့်တောင်သွား တယ်။ သင်္ကြန်မရောက်ခင်က တည်းကဆူနေကြပြီ’’ဟု မန္တလေး မြို့မှ အသက် (၂၀)အရွယ် မမေ သူကပြောကြားသည်။
မန္တလေးမြို့ သင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်မောင်းသူ၊ ဆိုင်ကယ်မောင်းနှင်သူအများစု မှာ အရက်သေစာသောက်စား ကာ စည်းကမ်းမဲ့မောင်းနှင်မှုများ ရှိနေပြီး သင်္ကြန်ကာလအတွင်း ယာဉ်ကြောရှင်းလင်းရေးကိုသာ ဦးစားပေးလုပ်နေရသည့်အတွက် အရေးယူနိုင်မှုအားနည်းနေသည် ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက သုံးသပ်သည်။ ပြီးခဲ့သည့် ၂၀၁၃ သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့တွင် စည်းကမ်းမဲ့ယာဉ်အစီးရေ ၇၅ စီးကို တရား စွဲဆိုအရေးယူခဲ့သည်။

7day daily