အကောင်းဆုံး ကပြ ဖျော်ဖြေ နိုင်သူ အနု ပညာ ရှင် စာရင်း တွင် မိုင်လီ ဆိုင်းရပ်စ် ထိပ်ဆုံး နေရာ တွင် ရွေးချယ် ခံရ

ပို့စ်တင်ချိန် - 4/03/2014 04:53:00 PM


ကမ္ဘာ ကျော် အဆိုတော် မိုင်လီ ဆိုင်းရပ်စ် သည် အကောင်း ဆုံး ကပြ ဖျော်ဖြေ တင်ဆက် နိုင်သူ အနုပညာ ရှင် စာရင်း တွင် ထိပ်တန်း အနုပညာ ရှင် အဖြစ် ရပ်တည် နိုင်ခဲ့ ကြောင်း The London Cabaret Club အဖွဲ့အစည်း မှ ပြုလုပ် သည့် မဲပေး ရွေးချယ်မှု အရ သိရ သည်။ မိုင်လီ ဆိုင်းရပ်စ် ၏ twerking အက သည် မက်ဒေါနား ၏ Vogue အက နှင့် မိုက်ကယ် ဂျက်ဆင် ၏ Moonwalk အက တို့ကို ကျော်ဖြတ် ၍ လူကြိုက် အများဆုံး အက ဖြစ်လာ ခဲ့သည်။

အကောင်း ဆုံး ကပြ ဖျော်ဖြေ တင်ဆက် နိုင်သူ အနုပညာ ရှင် ၁ဝ ဦး စာရင်း တွင် မိုင်လီ ဆိုင်းရပ်စ် ၏ နောက်တွင် သူမ ၏ ဖခင် ဖြစ်သူ ဘေးလီ ဆိုင်းရပ်စ် က ရပ်တည် လျက် ရှိပြီး ဂမ်းနမ် စတိုင်လ် တေးသီချင်း ဖြင့် ကမ္ဘာကျော် ခဲ့သော တောင် ကိုရီးယား အဆိုတော် Psy ဂမ်းနမ် စတိုင်လ် တေးသီချင်း အက၊ Village People ၏ YMCA အက၊ ရစ်ချီ ဂါဗစ် ၏ David Brent အက၊ ကိုင်လီမင်နိုး ၏ Locomotion အက၊ ဘီယွန်းစေး ၏ Single Ladies အက နှင့် Alfonso Ribeiro ၏ Carlton အက တို့က ရပ်တည် နေကြောင်း သိရသည်။

ဆိုင်းရပ်စ် သည် Meet Miley Cyrus, Breakout, Can't Be Tamedနှင့် Bangerz ဟု အမည် ပေးထား သော စတီဒီယို တေး အယ်လ်ဘမ် လေးခု ကို ဖြန့်ချိပြီး ဖြစ်သည်။ သူမ သည် ၂ဝ၁၄ ခုနှစ် ၏ ကမ္ဘာ့ ဂီတ ဆုပေးပွဲ အတွက် ဆု ၁ဝ ဆု လျာထား ခဲ့ရ သည်။ ထို့ပြင် ဆိုင်းရပ်စ် သည် Vevo Certified ဆု ရှစ်ဆု နှင့် Vevo တေး သံသွင်း ဆု နှစ်ဆု ကို လည်း ရရှိ ထားပြီး ဖြစ်ကြောင်း သိရ သည်။

Myawady News