မော်တော်ယာဉ်အမျိုးအစားအလိုက် မူလတန်ဖိုးအပေါ် မှတ်ပုံတင်နှုန်းထားများ ပြင်ဆင် သတ်မှတ်မည်

ပို့စ်တင်ချိန် - 4/02/2014 02:56:00 PM


မော်တော်ယာဉ်အမျိုးအစားအလိုက် မူလတန်ဖိုး (ဈေးနှုန်း) အပေါ် မှတ်ပုံတင်ခနှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ်၊ ဧပြီ (၁) ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ် လိုက်သည့် နှုန်းထားများအနေဖြင့် လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရ သည်။ အဆိုပါ လုပ်ငန်းသုံးယာဉ်များမှာ Pick Up (Single Cab, Extended Cab, Open Cab), Light Truck, Truck, Dumper, Tanker, Box Truck, Refrigerated Van, Crane Truck, Logging Truck, Container Carrier Truck, Tractor Head တို့ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ခရီးသည်တင်ယာဉ် (ယာဉ်မောင်းသူအပါအဝင် ၁၀ ဦးနှင့်အထက်) ၅ ရာခိုင်နှုန်း (Bus, Mini Bus, Micro Bus) နှင့် လူစီးယာဉ် (ယာဉ်မောင်းသူအပါအဝင် ၉ ဦးနှင့်အောက်) (Saloon, Jeep, Sta-tion Wagon, Micro Bus, Van, MPV, SUV) စက်စွမ်းအား ၁၃၅၀ စီစီနှင့်အောက် ၃၀ ရာခိုင်နှုန်း၊ စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိ ၅၀ ရာခိုင်နှုန်း၊ စက်စွမ်းအား ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ၈၀ ရာခိုင်နှုန်း၊ စက်စွမ်းအား ၅၀၀၁ စီစီနှင့် အထက် ၁၂၀ ရာခိုင်နှုန်း၊ လူနှင့်ကုန် ၂ မျိုးသုံးယာဉ် (Pick Up Double Cab) ၄၀ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကြေညာသည်။

မော်တော်ယာဉ် အမျိုးအစား အလိုက် မူလတန်ဖိုး (FOB ဈေးနှုန်း) အပေါ် မှတ်ပုံတင်ခ နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသော မော်တော်ယာဉ်များအား မှတ်ပုံတင်ခွင့်ပြုနိုင်ရန်အတွက် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ၊ ပုဒ်မ ၃ နှင့် ပုဒ်မ ၃၃ (၂) (ဂ)၊ (တ)၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများ၊ နည်းဥပဒေများ၊ နည်းဥပဒေ ၂၂ (က) နှင့် ၂၁၄ (ခ) တို့အရ မော်တော်ယာဉ် အမျိုးအစားအလိုက် မူလတန်ဖိုး (FOB ဈေးနှုန်း) အပေါ် မှတ်ပုံတင်ခကို အထက်ပါနှုန်းထားများအတိုင်း ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲ ကောက်ခံ သွားမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

Internet Journal