လှည်းတန်းဂုံးကျော်တံတား ကွန်ကရစ်ဘောင်များပဲ့ကျမှုကြောင့် အရေးပေါ်ပိတ်

ပို့စ်တင်ချိန် - 4/01/2014 06:40:00 PM


ယနေ့ မြင်တွေ့ရသောလှည်းတန်းတံတားအား ယာယီပိတ်ထားပုံ

ဧပြီ ၁ ၊ ရန်ကုန်

မကြာသေးခင်ကတည်ဆောက်ပြီးစီးခဲ့သည့် လှည်းတန်း ဂုံးကျော်တံတားအပေါ်ဘောင်အောက်ခြေမှ ကွန်ကရစ်များ ပဲ့ကြွေကျခဲ့ပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည့်အတွက် တံတားဖြတ်သန်းသွားလာခွင့်ကို ယနေ့ မွန်းလွဲ ၃နာရီ ခွဲ ခန့်မှ စတင်ကာ အရေးပေါ် ပိတ်ပစ်ခဲ့ရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပါတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန်တာဝန်ရှိသူများရောက်ရှိလာခဲ့ကြပြီး အန္ဒရာယ်ဖြစ်ပေါ်နိုင်ခြေရှိသည့်အတွက် ယခုကဲ့သို့  အရေးပေါ်ပိတ်ခဲ့ရခြင်းဖြစ်ပြီး ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းဆဲဖြစ်သည်။

ဓါတ်ပုံ - ခန့်ခေတ်သစ်
Posted From Myat Thu