လေပြင်းနှင့်အတူ မိုးသီးများကြွေကျ

ပို့စ်တင်ချိန် - 4/13/2014 11:20:00 AM




ဧပြီ ၁၂ ရက်ညနေ ၄ နာရီမိနစ်၂ဝ ခန့်က နေပြည်တော်ကောင်စီနယ်မြေ
ဇေယျာသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ရာမှ လေနှင့်အတူမိုးရွာခြင်း၊မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။သဲကြီးမဲကြီးရွာသော မိုးနှင့်အတူ ပမာဏ အတော်ကြီးသော ဖန်ဂေါ်လီလုံးခန့် မိုးသီးများ အဆက်မပြတ် ကြွေကျလာကြောင်းသိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျခြင်းများရှိခဲ့ကြောင်း မိုးရွာမှုမှာ နာရီဝက်ကျော်ကျော်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆီးသီးအရွယ် မိုးသီးကြွေကျခဲ့သည်။ ယခုပြီးခဲ့သည့် ရက်ပိုင်းကလည်း ရမည်းသင်းမြို့နယ်တွင် ကြက်ဥအရွယ်အစား အတော်ကြီးသော မိုးသီးများ ကြွေကျမှုကြောင့် စပျစ်စိုက်ခင်းများ ပျက်စီးရပါကြောင်း ရမည်းသင်းမြို့နယ်နေသူတစ်ဦးက ပြောပြသည်။

ယခုလို မိုးသီးကြွေကျမှုကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဖရဲ၊ ဂေါ်ဖီနှင့်အခြားသီးနှံ စိုက်တောင်သူများမှာ သီးနှံများ ပျက်စီးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

သက်ထက်
The Mirror Daily