သြယ္လ် လွပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်စေဖို့ နည်းလမ်း

ပို့စ်တင်ချိန် - 4/29/2014 04:56:00 PM




အဆီပို မရှိ သွယ်လျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင် လိုသူ အားလုံး အတွက် အရိုးရှင်းဆုံး အလွယ်ဆုံး နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။


၁။ အားကစား ပြုလုပ်ခြင်း

အားကစား လို့ ဆိုတဲ့ နေရာမှာ ရေကူး၊ တင်းနစ် တို့ အပြင် လမ်း ပုံမှန် လျှောက်ခြင်း၊ ပြေးခြင်းကလည်း အားကစားပါပဲ။ အဲ့ဒီထဲက တစ်ခု သို့မဟုတ် တစ်ခုထက် မနည်းကို လိုက်စားနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၂။ အစိမ်းရောင် သစ်နှံ စားသုံးခြင်း

အစိမ်းရောင် သစ်သစ်၊ သစ်ရွက် များကို ပုံမှန် စားသုံးဖို့ လိုအပ်ပြီး အချဉ်ဓာတ် ပါတဲ့ အသီးများက အက်ဆစ်ဖြစ်တာကြောင့် အဆီတွေကို ချေဖျက် ပေးပါတယ်။

၃။ ရေ ပုံမှန်သောက်ခြင်း

တစ်ရက်ကို သောက်ရေ ပုံမှန် အနည်းဆုံး ၃ လီတာ သောက်သုံးရန် လိုအပ် ပါတယ်။ ယခု လို ပူအိုက်ပြီး ချွေးအထွက် များတဲ့ ရာသီ ဥတု မှာဆိုရင် ယင်းထက် ဆတိုးကို များများ သောက်ဖို့ လိုအပ်ပါတယ်။ မနက် အိပ်ရာ ထချိန်မှာ ဖန်ခွက် ၂ ခွက်စာ သောက်ဖို့ လိုပြီး ပူအိုက်တဲ့ ရာသီမှာ ဆိုရင် ရေကို သွားလေရာ ဆောင်ထားဖို့ လိုအပ် ပါတယ်။ ရေက ကိုယ်တွင်းက အညစ်အကြေးများ၊ အဆီများကို ချေဖျက် စေတာမို့ ပိန်ဖို့ အတွက် အထောက်အကူ အပြုဆုံး သဘာဝ နည်းလမ်း ဖြစ်ပါတယ်။

၎။ နွားနို့ သောက်ပါ

အဆီဓာတ် ဖယ်ရှားထားပြီးသား ဖြစ်တဲ့ နွားနို့ကို ညအိပ်ရာ ဝင်တိုင်း တစ်ခွက် ပုံမှန် သောက်သုံးခြင်းဖြင့်လည်း ပိန်စေမှာ ဖြစ်ပါတယ်။

Ref: medicfact
အောင်ခမ်း (www.innewsmyanmar.com)