မိုဘိုင်းဖုန်း သိုလှောင်ဂိုဒေါင်နဲ့ ဆိုင်တွေကိုလည်း ၀င်ဖမ်းမည်

ပို့စ်တင်ချိန် - 4/03/2014 04:53:00 PM


လက်ရှိ မြန်မာနိုင်ငံထဲကို အကောက်ခွန်မဲ့ မှောင်ခို ၀င်ရောက်လာတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် အရည်အတွက် အလွန်များနေတာကြောင့် သိပ်မကြာခင် ရွှေလျားမှောင်ခိုဖမ်းအဖွဲ့ (Mobile Team)တွေက ၀င်ရောက် စစ်ဆေးဖမ်းဆီးတော့မယ်လို့ ရန်ကုန်အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက်အရည်အတွက် သန်းနဲ့ချီ ရှိနေ၊ ရောင်းချနေကြပေမယ့် ၃ နှစ်အတွင်း တကယ် အခွန်ဆောင်ပြီး သွင်းလာတာက အလုံးရေ ၇ သောင်းကျော်ပဲ ရှိလို့ အခုလို အရေးယူရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက်တွေဟာ နိုင်ငံခြားကနေ ပြည်တွင်းကို နယ်စပ်၊ ရေကြောင်းနဲ့ လေကြောင်းဝင်ပေါက်အားလုံးကနေ မှောင်ခို ၀င်ရောက်လာပြီး ဆိုင်ပေါင်းများစွာမှာ ရောင်းချနေကြောင်း၊ ၀င်စစ်လို့ အခွန်ဆောင်ပြီးကြောင်း အထောက်အထား မတွေ့ရရင် အရေးယူမယ်လို့ သူက ပြောပါတယ်။

DVB Burmese