အရက် သောက်စားလွန်ရာမှ လဲကျသေဆုံး

ပို့စ်တင်ချိန် - 4/24/2014 04:44:00 PM


ရေတာရှည် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဧပြီလ ၂၃ ရက်နေ့ ညနေ (၄း၃၀) နာရီ အချိန်ခန့်က ရေတာရှည်မြို့ အမှတ်(၄) ရက်ကွက် မြို့မဘောလုံးကွင်း အရှေ့ဘက်ရှိ ကြက်ခြံလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ခင်မှ ကြက်ခြံအစပ်ရှိ ညောင်ပင်အောက်တွင် ဆိုက္ကားတစ်စီးနှင့် လူတစ်ဦး လဲကျ နေကြောင်း သတင်းပို့ခဲ့သဖြင့် ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် စိုးမိုးကျော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အငယ်လေး (ခ) မောင်ကောင်းကျော်မြင့်၊ ၃၂ နှစ် (ဘ) ဦးခင်မောင်သိန်း (ဆိုက္ကားနင်း) အမှတ်(၄)ရပ်ကွက် ရေတာရှည်မြို့ နေသူသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ လဲကျသေဆုံး နေကြောင်း တွေ့ရှိခဲ့ပြီး ၎င်းမှာ အရက် အလွန်အကျွံ သောက်စားတတ်သူ ဖြစ်ကြောင်း သိရှိရ၍ ရေတာရှည်မြို့မ ရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar