အမျိုးသားတစ်ဦး မြွေကိုက်ခံရသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 4/17/2014 04:13:00 PM




ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၁၉၁၅အချိန် သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လှိုင်သာယာ မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ရန်ကုန်-ပုသိမ်ကား
လမ်းဘေး (၁၄၆)ကားဂိတ်မှတ်တိုင်အနီး ခြုံစပ်တွင် အမျိုးသား (၁)ဦး
မြွေကိုက်ခံရသဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၀တုတ်(ခ)ကိုထွန်းဦး (၅၂)နှစ်၊ (ဘ)ဦးချက်ကြီး၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူ
ဖြစ်ကြောင်းသိရှိရပါသည်။

သေဆုံးသူ ၀တုတ်(ခ)ကိုထွန်းဦး၏ ၀ဲဘက်လက်ခလယ်နှင့် လက်မတို့တွင်
သွေးစို့နေသော မြွေကိုက်ခံထားရသည့် ဒဏ်ရာ (၁)ချက်စီရရှိထားသည်ကို
တွေ့ရှိရပြီး ၎င်း၏ဘေးတွင် မြွေပွေးအသေ (၁)ကောင်ကိုတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police