အမ်အေအိုင်က နှစ် ၂၀ ကျော် သက်တမ်းရှိ လေယာဉ်များ ထုတ်ရောင်းမည်

ပို့စ်တင်ချိန် - 4/24/2014 04:18:00 PM


မြန်မာအဲယားဝေးအင်တာနေရှင်နယ် (အမ်အေအိုင်) ဟာ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ လေယာဉ် ၄ စင်းကို ထုတ်ရောင်းတော့မယ်လို့ လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောပါတယ်။

ဧပြီ ၂၂ ရက်နေ့က လုပ်တဲ့ လေယာဉ် မတော်တဆ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ဒီလို နှစ် ၂၀ ကျော် အသုံးပြု ပြီးသား လေယာဉ်တွေကို အာဖရိကတိုက်နိုင်ငံတွေက ၀ယ်ယူတတ်ပြီး လူစီးဖို့ မဟုတ်ပဲ ကုန်တင်လေယာဉ်တွေအဖြစ် ပြောင်းလဲ အသုံးပြုလေ့ ရှိတယ်လို့လည်း ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဦးကျော်ဟန်က ရှင်းပြပါတယ်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အသုံးမပြုတော့တဲ့ လေယာဉ်တွေ အပါအ၀င် ညအိပ်ရပ်နားတဲ့ လေယာဉ်တွေဟာ လေဆိပ်က လက်ခံနိုင်တဲ့ အရေအတွက်ထက် ပိုလွန်နေလို့ တချို့ အမ်အေအိုင်လေယာဉ်တွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ညအိပ် ရပ်နားရတယ်လို့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကလည်း ပြောဆိုခဲ့ပါတယ်။

အခြားဆက်စပ် -



DVB Burmese