အင်ဒိုနီးရှား နိုင်ငံရေးလောကမှာ ဒီနေ့အထိ နိုင်ငံရေးမျိုးရိုးရှိသူတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးနေသလို၊ ချောချောလှလှ မော်ဒယ်တွေလည်း ဒီနှစ်ပိုင်းတွေအတွင်းမှာ ရေပန်းစားနေပါတယ်။

ပို့စ်တင်ချိန် - 4/03/2014 07:41:00 PM



သုံးနှစ်လောက် မဂ္ဂဇင်းမျက်နှာဖုံး မော်ဒယ်လုပ်ခဲ့တဲ့ ဒတ်စတီယာရာ တာလီတာဟာ အခုတော့ နိုင်ငံရေးသမားဘ၀ကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုမှ အသက် ၂၆ နှစ်ရှိသေးတဲ့ မော်ဒယ်ဟာ ဂျာဗား အနောက်ပိုင်းက ခရိုင်မှာ တရားမျှတမှုနဲ့ ညီညွတ်ရေးပါတီ (PKI) ပါတီကို ကိုယ်စားပြုပြီး ၀င်ပြိုင်ပါမယ်။ သူဟာ အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် လူသိများထင်ရှားတဲ့ ဆယ်လစ်ဘရစ်တီတွေထဲက တယောက်ဖြစ်ပါတယ်။

"တိုင်းပြည်ကို ပြောင်းလဲစေချင်တယ်။ ဒီလို ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ စနစ်ထဲကို တကယ်ရောက်သွားမှ အပြောင်းအလဲ လုပ်နိုင်မယ့် ပေါ်လစီတွေကို ပုံကြမ်းရေးဆွဲနိုင်မှာပေါ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ"လို့ သူကပြောပါတယ်၊

ဧပြီလ ၉ ရက်နေ့ အင်ဒိုနီးရှား လွှတ်တော် ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ်လောင်း ရှစ်သောင်းလောက် ၀င်ပြိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ အင်ဒိုနီးရှားရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပါတီတိုင်းမှာ လွှတ်တော်အမတ် စာရင်းမှာ အမျိုးသမီး အမတ်အရေအတွက် ၃၀ ရာခိုင်နှုန်း မဖြစ်မနေ ပါရမယ်လို့ ပြဌာန်းထားပါတယ်။

DVB TV News