သင်္ကြန်ကာလ သရုပ်မပျက်စေရန် ဧပြီလ ၁၀ရက်နေ့ အင်လျားကန်ဘောင် ၌ ကမ်ပိန်း စတင်ပြုလုပ်မည်

ပို့စ်တင်ချိန် - 4/10/2014 08:29:00 AM


(ရန်ကုန်၊ ဧပြီ ၉)
သင်္ကြန်ကာလ ရေကစားရာတွင် သရုပ်ပျက်မှုများ မဖြစ်စေရေး အတွက် လက်ကမ်း စာစောင်နှင့် ပါဖောမန့်များ ပြုလုပ်မှုကို ဧပြီလ ၁၀ရက်နေ့ ညနေ (၅) နာ၇ီတွင် ရန်ကုန်မြို့ရှိ အင်လျား ကန်ဘောင် ၌ စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်ရေး ကွန်ရက် မှသိရသည်။
အဆိုပါက ကမ်ပိန်း၏ လက်ကမ်း စာစောင်များတွင် အနုပညာ ရှင် များဖြစ်သည့် ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ နန်းခင်ဇေယျာနှင့် အခြား အနုပညာရှင် တစ်ချို့ နှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် အပါအ၀င် စာရေးဆရာများမှ အသိပေး စကားများပြောကြားပေးထားကြသည်။
မြန်မာအနေနှင့် အာဆီယံ ဥက္ကဌ ရာထူး ရယူထား ရချိန် လည်း ဖြစ်ပြီး နိုင်ငံတကာမှ စောင့်ကြည့်နေမှု များ ရှိသဖြင့် သင်္ကြန် ကာလတွင်း သရုပ်ပျက် ၀တ်စားမှုများနှင့် ယဉ်ကျေးမှု ထိခိုက်စေသည့် ကိစ္စများ မဖြစ်ပွားစေရန် လူငယ် အဖွဲ့အစည်း များပူးပေါင်း၍ ပထမဦးဆုံး အကြိမ်အဖြစ် ကမ်ပိန်းပြုလုပ် ရခြင်းလည်း ဖြစ်သည်ဟု မြန်မာလူငယ်များ စွမ်းဆာင် ရည် မြှင့်တင်ရေး ကွန်ရက်ဥက္ကဌ ကိုအောင်ဇင်ကပြောသည်။
သုတလင်း

Popular Myanmar News Journal