လက်နက်ခဲယမ်း အပြည့်အစုံဖြင့် တရုတ်နိုင်ငံသား ရှစ်ဦး ဖမ်းမိ

ပို့စ်တင်ချိန် - 4/26/2014 12:11:00 PM

Photo - Manipur

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင် တရုတ်နိုင်ငံသားရှစ်ဦး စီးလာသည့် ကားပေါ်မှ လက်နက်ငယ်များ၊ ကျည်တောင့်များနှင့် လက်ပစ်ဗုံးများ ဖမ်းဆီးရမိခဲ့ ကြောင်း တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။

ဧပြီ ၂၅ ရက် ညနေ ၅ နာရီကျော်တွင် တမူးမြို့မှ ကလေးမြို့ သို့ အထွက် သုံးမိုင်အကွာ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကားလမ်းမကြီးပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ် သည်။

သိမ်းဆည်းရမိသော လက် နက်ငယ်များမှာ တရုတ်နိုင်ငံလုပ် လက်နက်ငယ်ရှစ်လက်၊ ကျည် ၁,၈၆၀ တောင့်၊ ကျည်ကတ် ၃၈ ကတ်၊ လက်ပစ်ဗုံး ၃၁ လုံး ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဉ်နှင့် ပတ် သက်၍ တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော် လင်းက ‘‘တရုတ်နိုင်ငံသားတွေ စီးလာတဲ့ကားပေါ်က လက်နက် တွေ ဖမ်းမိတယ်ဆိုတာ ဟုတ်ပါ တယ်။ ကျန်တာကတော့ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်’’ဟု ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား ခုနစ်ဦးသည် အနက်ရောင်ယူနီ ဖောင်းများ ဝတ်ဆင်လျက် နေ့ လယ်စတင်၍ ရှေ့မီးများ ဖွင့်မောင်းကာ တမူးမြို့နှင့် နန်းဖာလုံဈေးသို့ သွားလာမှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သော တမူးမြို့ဒေသခံများက ပြောသည်။

၎င်းတို့စီးလာသော ကား တွင် YGN ZT 9999 ဟူသော နံပါတ်ပြား တပ်ဆင်ထားသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ် သက်၍ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ရှစ်ဦးကို တမူးမြို့နယ်ရဲစခန်းမှ အမှုဖွင့်၍ ဆက်လက်အရေးယူ စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။

7Day Daily