ဆိုင်ကယ်စီးလာသူ လူတစ်ဦးအား ရိုက်နှက်၍ ပိုက်ဆံသိန်း(၄၀) လုယက်ခံရ

ပို့စ်တင်ချိန် - 4/02/2014 10:47:00 AM


သတင်း၊ ကိုတိုးကြီး
ကန့်ဘလူ၊ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ဆိုင်ကယ်စီး နင်းလာသူ လူတစ်ဦးထံမှ ပိုက်ဆံ(၄၀)ကျပ်အား လူသုံးဦးမှ ရိုက်နှက်လုယူခဲ့သည့်ွှတွက် ယခုလ ၃၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေရဲစခန်မှ အမှုဖွင့်အရေးယူခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ပိုက်ဆံသိန်း(၄၀)ကျပ်လုယူခံရသူမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက်(၂၃)နှစ်ဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် ရိုက်နှက်လုယက်ခံရခြင်းဖြစ်ကြောင်း မလယ်ရဲစခန်း၏ မှတ် တမ်းများတွင်ဖော်ပြထားသည်။
ထိုသူသည် စဉ့်ကူမြို့နယ်ငါးတွင်းကြီးကျေးရွာမှ ကျားဘိုကျွန်းတောတိုက်တွင်နေထိုင်သူ ဦးခိုင်စိုးနှင့် ဦးမောင်အေးဆို သူတို့ထံ အကြွေးပေးရန်အတွက် ထိုတောတိုက်သို့သွားရောက်ခဲ့ခြင်းဖြစ်သည်။ ပိုက်ဆံများရိုက်နှက်လုယက်ခံရသူ ကိုမောင်မျိုးဆိုသူသည် နေအိမ်မှ ငွေကျပ် (၆၇) သိန်းယူသွားခဲ့ရာ ဦးခိုင်စိုးဆိုသူထံ ငွေကျပ်(၁၀)သိန်း၊ ဦးမောင်အေး ဆိုသူထံ( ၁၇)သိန်းပေးခဲ့ပြီး ကျန်ငွေသိန်း(၄၀)နှင့်အတူ နေအိမ်သို့ပြန်လာစဉ် အမည်မသိ လူသုံးဦးမှ ၎င်း၏မျက်နှာ အား လက်နှိပ်ဓာတ်မီးများဖြင့်ထိုးကာ ဒုတ်ဖြင့်ဝိုင်းဝန်းရိုက်နှက်ပြီး ပိုက်ဆံများလုယူသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၃/ ၂၀၁၄ (ပ) ၂၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၄ အရ အမှုဖွင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မလယ်ရဲစခန်းနယ်မြေသည် တစ်လလျင် အမှု ကြီးဖြစ်စဉ်တစ်ခုနှုန်းဖြစ်ပွားပေါ်ပေါက်လျက်ရှိသည့်အတွက် မှုခင်းကျဆင်းရေး ပညာဟောပြောပွဲများပြုလုပ်ပေးရန် ဒေသခံပြည်သူများမှ အထူးလိုလားလျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း