ကမ္ဘာအနှံ့က ရေသဘင်ပွဲတော်များ အကြောင်း (မြန်မာ၊ ထိုင်း၊ China)

ပို့စ်တင်ချိန် - 4/20/2014 05:09:00 PM

မြန်မာ သင်္ကြန်


အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာတော့ သင်္ကြန်ကို လေးရက် (သို့) ငါးရက် ကျင်းပြကြပြီး၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဘုရားသွား၊ ကျောင်းတက်၊ အလှူအတန်းလုပ်၊ သက်ကြီးရွယ်အိုတွေကို ပြုစု အစရှိသဖြင့် လုပ်ကြပါတယ်။


ရေသဘင်ပွဲကို ဆင်နွှဲကြတဲ့ နိုင်ငံပေါ်မူတည်ပြီး အမျိုးမျိုး ခေါ်ဆိုကြပါတယ်။ မြန်မာမှာဆိုရင် သင်္ကြန်၊ ထိုင်းနဲ့ လာအိုမှာဆိုရင် ဆောင်ကရန် လို့ခေါ်ကြပြီးတော့ ကမ္ဘောဒီးယားမှာဆိုရင် Chaul Chnam Thmey လို့ခေါ်ကြပါတယ်။ အခြားအရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း နက္ခတ်တာရာတွေရဲ့ ဖြစ်စဉ်တွေပေါ်မူတည်ပြီး ကျင်းပကြပါတယ်။


ထိုင်း ဆောင်ကရန်

ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ထိုင်းပြည်တွင်းနေထိုင်သူတွေက ဆောင်ကရန် (Songkran) ရေသဘင်ပွဲကို ချင်းမိုင်မှာ ပါဝင် ဆင်နွှဲကြပါတယ်။ ထိုင်း ဆောင်ကရန် ပွဲတော်ဟာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို တစ်ကယ်ကို ဆွဲဆောင်နိုင်တဲ့ ပွဲတော်တစ်ခုပါ။






ချိုင်းနား (China)

ရေသဘင်ပွဲက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ ကျင်းပကြသလို၊ တရုတ်ပြည်နယ် ယူနန်မှာလဲ ကျင်းပပါတယ်။ တရုတ်ပြည်က ရေသဘင်ပွဲမှာဆိုရင် နှစ်သစ်ကို ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ထုံးတမ်းအစဉ်လာအတိုင်း တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြပေမယ့် လမ်းသွားလမ်းလာတွေနဲ့၊ ရေပက်ခံကားနဲ့ ရောက်လာသူတွေကို ရေပက်ဖြန်း သန့်စင်ပေးကြတယ်လို့ ဆိုပါတယ်။






ရေလောင်းခြင်း အပြုအမှုဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစားခြင်း၊ ကောင်းချီးပေးခြင်း၊ မေတ္တာပို့သခြင်းဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ထူးခြားတာက ရေသဘင်ပွဲအတွင်းမှာ နှစ်ဟောင်းက ပစ္စည်းဟောင်းတွေ အားလုံးကို စွန့်ပစ်ရမယ်လို့ ယုံကြည်ထားကြသလို အဲလိုမှ မစွန့်ပစ်ရင်တော့ သိမ်းထားတဲ့သူဆီကို ကံဆိုးခြင်းတွေ ရောက်လာကြလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

Credit: Ygn News (www.YgnNews.com)