ချစ်သူရဲ့ credit ကတ်ခိုးယူကာ ဈေးဝယ်ပြီး နောက်ရည်းစားနဲ့တွေ့ဖို့ လေယာဉ် လက်မှတ်ဝယ်ခဲ့တဲ့ မော်ဒယ်လ်

ပို့စ်တင်ချိန် - 4/19/2014 09:42:00 AM


ဂျာမန်ဘောလုံး ကစားသမားဟောင်း Lothar Matthaus ရဲ့ ဇနီးဟောင်းဖြစ်သူ Kristina Matthaus ကိုတော့ သူမရဲ့ ချစ်သူထံမှ ခိုးယူလာတဲ့ credit ကဒ်သုံးပြီး  ဒေါ်လာ ၅ထောင်ဖိုး သုံးစွဲခဲ့တဲ့အတွက် ဖမ်းဆီးထားးပါတယ်။

Liliana Nova လို့လဲ အမည်တွင်တဲ့ မော်ဒယ်လ် Kristina ကိုတော့ သူမနေထိုင်ရာ Chelsea မှ အိမ်ခန်းတွင် ဗုဒ္ဓဟူးနေ့ညနေမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ကြာသပတေးနေ့မှာတော့ အသက် ၂၆နှစ်ရှိ  ယူကရိန်းနိုင်ငံသား Kristina ကို စစ်ဆေးမြန်းမေးခဲ့ပါတယ်။
သူမဟာ သူမရဲ့ ချစ်သူ ထိပ်တန်းရင်းနှီးမြုပ်နှံမှု အကြံပေးတစ်ဦးဖြစ်တဲ့ Michael Hadjedj ထံမှ ခိုးယူလာတဲ့ American Express  အကြွေးဝယ်ကဒ်နဲ့ သူမအတွက် အ၀တ်အစားနဲ့ အသုံးအဆောင် ပစ္စည်းများကို Fifth Avenue မှ Bergdorf Goodman မှာ ၀ယ်ယူခဲ့တယ်လို့  ရဲများက ပြောပါတယ်။ ဒါ့အပြင် သူမဟာ ဥရောပမှာ အခြားအမျိုးသားနောက်တစ်ယောက်နဲ့ ချိန်းတွေ့ဖို့ အတွက်  လေယာဉ်လက်မှတ်များပါ ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

ခင်ပွန်းဟောင်း Lothar နဲ့အတူ

သူမကိုတော့ သူမရဲ့ခရီးစဉ်မှ မပြန်ခင် အချိန်ပိုင်းအတွင်းဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ည၈နာရီမှာ ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ဂျာမန်ဘောလုံးအသင်း မန်နေဂျာလည်းဖြစ် ကစားသမားလည်း ဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် Lothar Matthaus ရဲ့ ဇနီးဟောင်းလည်း  ဖြစ်ပါတယ်။

ယူကရိန်း မိန်းမချောတစ်ဦး ဖြစ်သူ Kristina နဲ့ ခင်ပွန်းဟောင်းတို့ ဟာ ၂၀၀၇ခုနှစ်မှာ တွေ့ဆုံခဲ့ကြပြီး နောက်တစ်နှစ်မှာတော့ Las Vegas မှာ လက်ထပ်ခဲ့ကြပါတယ်။ သူမတို့နှစ်ဦး ၂၀၁၀ မှာ ကွာရှင်းခဲ့ကြပြီး သူမကတော့ ခင်ပွန်းဟောင်း Lothar ကို ရင်သား ခွဲစိတ်ရမှုနဲ့ ပတ်သက်ပြီး တရားစွဲကာ ယူရိုငွေ ၃၀၀၀ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယခုလက်ရှိချစ်သူဖြစ်တဲ့ Hadjedj ကတော့ အမေရိကန်နိုင်ငံ မဟန်တန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းကြီးတစ်ခုရဲ့ တည်ထောင်သူ ပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။

သူမကိုတော့ ကြာသပတေးနေ့ညနေမှာ သူမရဲ့ နာမည်ဂုဏ်သိက္ခာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး သြဂုတ်လ ၁၂ရက်နေ့မှာ တရားရုံးချိန်း ထပ်မံရှိတယ်လို့ သိရပါတယ်။

အကယ်၍ သူမကျူးလွန်ခဲ့တာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၇ နှစ်ကျခံ ရနိုင်ဖွယ်ရှိပါတယ်။

သူမရဲ့ တရားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက Mark Jay Heller ကတော့ သူမမှာ Hadjedj ရဲ့ ကဒ်ကို ယူသုံးပိုင်ခွင့် ရထားပြီး Hadjedj က သူ့တို့နှစ်ဦးရဲ့ ကိုးလကြာ ချစ်သက်တမ်း ပြီးဆုံးတဲ့နောက်မှာ သူမသုံးငွေတွေကို ပြန်ပေးဖို့အတွက် ပြောခဲ့ကြောင်းနဲ့ သူမကိုတော့ ဂျာမန်လူမှုအသိုင်းအ၀ိုင်းရဲ့ အဖိုးတန် ရတနာတစ်ပါးအနေနဲ့ ထည့်စဉ်းစားဖို့ရန်နဲ့ သူမရဲ့ ဖက်ရှင်မော်ဒယ်လ်ဆိုတဲ့ ဂုဏ်ပုဒ် အပြင် လင်ဆေးလိုဟန်နဲ့ သူမရဲ့ မိခင်ကိုပါ ကိုယ်စားပြုတဲ့ မော်ဒယ် အဖြစ် ထည့်စဉ်းစားသင့်ကြောင်း သူမဘက်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

World Myanmar