ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား တရုတ်ပြည်က CTF တာဝါမှာ ထည့်သွင်း

ပို့စ်တင်ချိန် - 4/29/2014 01:29:00 PM




ဟီတာချီ ကုမ္မဏီက တာဝန်ယူပြီးတော့ တရုတ်ပြည် တောင်ပိုင်း Guangzhou မြို့ CTF လို့ အမည်ရတဲ့ တာဝါမှာ ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား ထည့်သွင်း တည်ဆောက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


အထပ် ၁၁၆ ထပ် ရှိတဲ့ ယင်း စီးပွားရေး အဆောက်အအုံမှာ ထည့်သွင်း မယ့် ဓာတ်လှေကားက တစ်နာရီ ၄၅ မိုင်နှုန်း အပေါ် တက်မှာ ဖြစ်ပါတယ်။ ၄၃ စက္ကန့် အတွင်း ၉၅ ထပ် တက်နိုင်တဲ့ စံချိန်န်ကို ရယူမှာ ဖြစ်ပါတယ်။ တိုက် ကလည်း တည်ဆောက် လက်စမှာ ရှိနေသေး သလို၊ ယင်းထဲ ထည့်သွင်းမယ့် ဓာတ်လှေကားလည်း စတင် တည်ဆောက်ဆဲ ဖြစ်ပါတယ်။

ပြီးရင်တော့ ကမ္ဘာ တစ်လွှားက အမြန်ဆုံး ဓာတ်လှေကား များက အဆ များစွာ ကွာတဲ့ မြန်နှုန်းနဲ့ ဖြတ်ကျော် စံချိန် ချိုးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဟီတာချီက တပ်ဆင်ပေမယ့် CTF က ဓာတ်လှေကားဟာ ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား ဖြစ်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: smithsonianmag.com
အောင်ခမ်း (www.innewsmyanmar.com)