HIV ကူးစက်မှုတိုက်ဖျက်ရေး အစီအစဉ်အတွက် တောင်အာဖရိကကို သွားရောက်ခဲ့တဲ့ Victoria Beckham

ပို့စ်တင်ချိန် - 4/25/2014 01:35:00 PM


ကလေးလေးယောက်အမေ Victoria Beckham တစ်ယောက် Born Free ဆိုတဲ့ AIDS ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ နဲ့ အတူ တောင်အာဖရိကနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဖက်ရှင်လောကရဲ့ အမှတ်သညာဖြစ်တဲ့ Victoria Beckham ဟာ တောင်အာဖရိကနိုင်ငံ ခရီးမှာ HIV ရောဂါ ကူးစက်နေတဲ့ မိခင်နဲ့ ကလေးတွေကို တွေ့ ဆုံခဲ့ပါတယ်။

ပေါ့ပ်ကြယ်ပွင့်ဟောင်း Victoria ဟာ ဖက်ရှင်ဈေးကွက်နဲ့ လက်တွဲထားတဲ့ Born Free လူမှုအသင်းအဖွဲ့ နဲ့  အတူ သွားရောက်ခဲ့တာဖြစ်ပြီး Born Free အဖွဲ့ ဟာ မိခင်ကနေ ကလေးကို ကူးစက်တဲ့ HIV ရောဂါပိုးကို ၂၀၁၅ ခုနှစ်မှာ အပြီးသတ်တိုက်ဖျက်နိုင်မယ်လို့ ရည်ရွယ်ထားတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။

Victoria Beckham ကို ဒီပရောဂျက်မှာအတူပါဝင်လက်တွဲဖို့ အတွက် Vogue မဂ္ဂဇင်း အယ်ဒီတာချုပ် Anna Wintour က ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံခရီးစဉ်ရဲ့ ဓာတ်ပုံတစ်ချို့ ကိုလည်း Vogue မှာ တင်ဆက်ပေးထားပါသေးတယ်။

“ ရောဂါကူးစက်ခံထားရတဲ့ ကလေးငယ်တွေကို မြင်တွေ့ ရတာဟာ အရမ်းကို စိတ်ညစ်ညူးစရာ ကောင်းပါတယ်။ သူတို့ ကို မြင်ပြီး ကျွန်မကလေးတွေရဲ့ ကျန်းမာရေး က ကျွန်မဘယ်လောက် ကောင်းချီးပေးခံထားရလဲ ဆိုတာ မြင်မိပါတယ်”

VB ဟာ ဒီပရောဂျက်အကြောင်း ရှင်းလင်းပြထားတဲ့ မိနစ်အနည်းငယ်စာ ဗီဒီယိုမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

“ HIV ကူးစက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက် သောက်ဖို့ အတွက် ဆေးပြား တွေ ရှိနေပါပြီ။ ရောဂါသည်မိခင် ကမွေးတဲ့ ကလေးငယ်ဟာ HIV ကူးစက်မှုမရှိဘဲ မွေးဖွားလာနိုင်မှာပါ။ ဒါဟာ မယုံနိုင်လောက်စရာပါပဲ” လို့ သူမက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk
Trend Myanmar