LASIK လေဆာနည်းနဲ့ မျက်စိကုသခြင်း

ပို့စ်တင်ချိန် - 4/26/2014 11:35:00 AM


• လေဆာသုံးပြီး မျက်စိခွဲစိတ်နည်းကို LASIK (Laser Assisted in Situ Keratomileusis) လို့ခေါ်ပါတယ်။
• ၁၉၉၈ ကစပြီး အသိအမှတ်ပြုပေးခဲ့ပါတယ်။
• Refractive surgery မျက်စိမှုံတာကို ပြုပြင်ပေးတဲ့ မျက်မှန်မလို မျက်ကပ်မှန်မလိုတော့အောင် လုပ်နည်း ဖြစ်ပါတယ်။
• မျက်ကြည်လွှာထဲကို လေဆာရောင်ခြည်ဝင်နိုင်အောင် Cornea flap အဖတ်လေးလုပ်ပေးတယ်။
• Excimer laser သုံးပြီး မျက်ကြည်လွှာကိုပြုပြင်ပေးမယ်။ ပြီးရင် အဖတ်လေးပြန်ထည့်ပေးတယ်။
• မနာသလောက်သာ ခံစားရပါမယ်။ ရလဒ်ဖြစ်လာလဲ မြန်ဆန်ပါတယ်။
• LASIK လုပ်ပြီးနောက် ၂၄ နာရီအတွင်းမှာ မြင်နိုင်စွမ်း ၇၅% ကနေ ၈၅% တိုးတက်လာမယ်။
• အောင်မြင်တဲ့ခွဲစိတ်ကုသမှုကနေ 20/20 vision ကို ရာသက်ပန်ပြန်ရနိုင်ပါတယ်။
• ဘယ်လိုလူတွေအတွက် သင်သလဲ - - (၁) အသင့်အတင့်ကနေ ဆိုးတဲ့ Myopia (Nearsightedness) အဝေးမှုံဖြစ်နေရင်၊
- (၂) နည်းနည်းကနေ အသင့်အတင့် Hyperopia (Farsightedness) အနီးမှုံဖြစ်နေရင်၊
- (၃) Astigmatism သူငယ်အိမ်စောင်းခြင်း + Myopia အဝေးမှုံတွဲနေသူနဲ့
- (၄) Thick corneas မျက်ကြည်လွှာထူရင် လေဆာနည်းနဲ့ခွဲကုသနိုင်သူဖြစ်ပါတယ်။
• အကောင်း-အဆိုးတွေကို တွက်ဆရပါမယ်။ ဆရာဝန်နဲ့အရင်ဆွေးနွေးပါ။
• ပေါ်တာမကြာသေးလို့ လေ့လာမှု မများလှသေးပါ။ လုပ်ပေးတဲ့ဆရာဝန်အပေါ်မှာ လုံးလုံးမူတည်လို့ အတွေ့အကြုံများသူကိုရွေးချယ်ပါ။
• သတိထားစရာတွေကတော့ မျက်စိခြောက်နိုင်တယ်။ အရုပ်နှစ်ထပ်မြင်တာဖြစ်နိုင်တယ်။
• Presbyopia အနီးကြည့်မျက်မှန်တပ်နေသူဆိုရင်တော့ မျက်မှန်ဆက်တပ်နေဘို့လိုပါမယ်။
• ခွဲစိတ်ကုသမှုတိုင်းမှာလို ပိုးဝင်မှာသတိထားရတယ်။
• ခွဲပြီး မျက်စိကိုမပွတ်ရပါ။ ခွဲပြီး ၂-၃ ရက်နားသင့်တယ်။
• ဖြစ်နေတဲ့ မျက်စိရောဂါနာမည်ဆုံးဖြတ်တာ မမှန်ရင်၊ အမြင်ဝေဝါးနေမယ်၊ နှစ်ရုပ်မြင်နေမယ်၊ အကွင်းလေးတွေ ပေါ်နေမယ်။
• ဆီးချိုရှိနေသူ၊ ရူမတွိုက် အဆစ်နာရှိနေသူ၊ ကျန်းမာရေး အလွန်မကောင်းနေသူတွေ မလုပ်သင့်ပါ။
• ကုန်ကျစရိတ်၊ တနေရာနဲ့တနေရာ မတူပါ။ မျက်စိတလုံးအတွက် ဒေါ်လာ ၅ဝဝ ကနေ ၁ဝဝဝ ကုန်တာလဲ ရှိနိုင်တယ်။
• အမေရိကားမှာ ၁ဝ နှစ်အတွင်း လူနာပေါင်း ၂၂ဝဝ ကိုမေးတော့ ၉၅့၎% ကျေနပ်မှုရတယ်လို့ ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ