MH370 ရေဒါကိုရှောင်ကွင်းပျံသန်းခဲ့ဟု CNN ဆို

ပို့စ်တင်ချိန် - 4/06/2014 05:40:00 PM


ကွာလာလမ်ပူ၊ ဧပြီ ၆
ပျောက်ဆုံးနေဆဲဖြစ်သော မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ်MH370 သည် မလေးရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံလေပိုင်နက်အတွင်း ပျံသန်းခဲ့သေးကြောင်း မလေးရှားမှ အမည်မဖော်သော အကြီးတန်းအရာရှိတစ်ဦးက ယနေ့ပြောကြားကြောင်း CNN သတင်းတစ်ရပ်အရသိရသည်။
အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်သည် ရေဒါကို တမင်တကာပင် ရှောင်ကွင်းပျံသန်းခဲ့ပုံရကြောင်း အဆိုပါအရာရှိကပြောကြားသည်။

(Xinhua)
Popular Myanmar News Journal