MH370ကိုရှာဖို့ မောင်းသူမဲ့ ရေငုတ် သင်္ဘော စေလွှတ်

ပို့စ်တင်ချိန် - 4/15/2014 04:08:00 PM


မောင်းသူမဲ့ ရေငုတ်သင်္ဘောအသေးစား Bluefin-21 (Credit: ABC licensed) 

ပျောက်ဆုံးနေတဲ့ ​မလေးရှား ​လေယာဉ်ကို ​ပထမဆုံး ​အကြိမ် ​မောင်းသူမဲ့ ​ရေငုတ်သင်္ဘော ​အသေးစားကို ​သုံးပြီး ​စတင် ​ရှာဖွေနေကြပါပြီ။

အရှည် ​၁၅ ​ပေ၊ ​အလေးချိန် ​၇၅၀ ​ကီလိုဂရမ် ​ရှိတဲ့ ​အဲဒီ ​ရေငုတ် ​သင်္ဘောဟာ ​ရေအောက်မှာ ​၂၅ ​နာရီကြာ ​ရှာဖွေမှုတွေလုပ်ဆောင်နိုင်ပြီး ​သြစတြေးလျ ​ကမ်းခြေ ​အနီး ​အိန္ဒိယ ​သမုဒ္ဒရာ ​ရေအောက် ​ကြမ်းပြင်ကို ​လျှပ်တိုက် ​ရှာဖွေမှာ ​ဖြစ်ပါတယ်။

အချက်ပြအသံလှိုင်းတွေကို ​မရရှိတော့တာ ​အခုဆိုရင် ​တပတ်နီးပါး ​ကြာလာပြီ ​ဖြစ်တဲ့ ​အတွက် ​လေယာဉ် ​မှတ်တမ်းတင်စက်မှာ ​တပ်ထားတဲ့ ​ဘက်ထရီ ​အားကုန်လောက်ပြီလို့ ​ယူဆကြောင်း ​လေယာဉ်ရှာဖွေရေး ​ဆိုင်ရာ ​သြစတြေးလျ ​တာဝန်ခံ ​အရာရှိက ​ပြောပါတယ်။

ရှာဖွေရေး ​လုပ်နေတဲ့ ​လက်ရှိ ​နေရာအတွင်းမှာ ​ဆီကွက် ​တချို့ကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပေမယ့် ​လေယာဉ်ပျောက် ​နဲ့ ​ပတ်သက်မှု ​ရှိမရှိ ​စမ်းသပ်ဖို့က ​ရက်အတန်ကြာလိမ့်ဦးမယ်လို့ ​အဲဒီ ​အရာရှိက ​ထပ်လောင်းပြောကြားခဲ့ပါတယ်။

မလေးရှားလေယာဉ်ဟာ ​လူပေါင်း ​၂၃၉ ​ဦးတင်ဆောင်ပြီး ​မတ်လ ​၈ ​ရက်နေ့ ​ကတည်းက ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

radioaustralia