MH370 ရှာဖွေရေး ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ ခန့်ရှိဟုဆို

ပို့စ်တင်ချိန် - 4/19/2014 01:59:00 PM


မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသော ခရီးသည်တင်လေယာဉ် ရှာဖွေသည့်လုပ်ငန်းအတွက် ကျခံသုံးစွဲရသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ ခန့်အထိ ရှိနိုင်ကြောင်း ကျွမ်းကျင် ပညာရှင် များက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်ကို ရှာဖွေရမှုသည် နိုင်ငံတကာ မြို့ပြလေကြောင်း သမိုင်းတွင် ငွေကုန်ကြေးကျ အများဆုံးလုပ်ငန်းတစ်ရပ်ဖြစ်လိမ့်မည် ဖြစ်ကြောင်းကျွမ်းကျင်သူ ပညာရှင်များက ပြောကြား ကြသည်။

မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇၀ ပျံသန်းလာသော ဘိုးအင်း-၇၇၇ လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံးသွားခဲ့သည်။ ယင်းလေယာဉ်သည် လူ ၂၃၉ ဦးကို တင်ဆောင်ကာ မြို့တော် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းလာစဉ် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ၏ ဝေလံသီခေါင်သော နေရာတွင် ပျက်ကျခဲ့သည် ဟုယူဆရပြီး ရေပြင်နှင့် ဝေဟင်မှ ရှာဖွေခဲ့သည့် အပြင် မောင်းသူမဲ့ ရေငုပ်သင်္ဘောဖြင့်လည်း ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း အထမမြောက်ခဲ့ ပေ။

ပင်လယ်ရေမျက်နှာပြင်အောက်၎ ဒသမ ၅ကီလိုမီတာ
(၂ဒသမ ၈မိုင် )ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို ရှာဖွေရမှုသည် နိုင်ငံတကာ မြို့ပြလေကြောင်းသမိုင်းတွင်ငွေကုန်ကြေးကျ အများဆုံး လုပ်ငန်း တစ်ရပ်ဖြစ်လိမ့်မည် ဖြစ်ကြောင်းကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။

မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇၀ ပျံသန်းလာသော ဘိုးအင်း-၇၇၇ လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံးသွားခဲ့သည်။

ယင်းလေယာဉ်သည် လူ ၂၃၉အနက်အထိ မောင်းသူမဲ့ ရေငုပ်သင်္ဘောက ငုပ်လျှိုးကာ ရှာဖွေခဲ့သည်။

လေယာဉ်ပျက်ကို ရှာဖွေနေကြသော နိုင်ငံများအနက် မလေးရှား၊ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့က ကုန်ကျစရိတ်အများဆုံးကို ကျခံကြရမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်အထိ ရှိနိုင်ကြောင်း မလေးရှားမြို့ပြလေကြောင်း ကျွမ်းကျင်သူပညာရှင်တစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
MOI Webportal Myanmar