NLD ရွေးကောက်ပွဲနိုင်ပြီး ကြံ့ခိုင်ရေး သမ္မတ ဖြစ်သွားနိုင်သော သမ္မတရွေးချယ်ပွဲ

ပို့စ်တင်ချိန် - 4/10/2014 12:47:00 PM


လင်းထိုက် (Y.I.T)
NLD ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် ညီညွတ်ရေးဗျူဟာ တည်ဆောက်မှု အားနည်းနေချိန်တွင် အဆိုပါ မိန့်ခွန်းများ၌ တိုင်းရင်းသားများ သဘောခွေ့မည့် စကားရပ်များ ပါဝင်နေသည်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် တင်ကြိုစည်းရုံးခြင်း ဗျူဟာတစ်ရပ်ဖြစ်နိုင် . . .

ပုဒ်မ ၄၃၆ ပြင်မှာလား

ဖွဲ့စည်းပုံပြင်ဆင်ရေး (အထူးသဖြင့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ) (စ)) ဆန္ဒထုတ်ဖော်ပွဲများ နိုင်ငံအ၀န်းကျယ် ကျယ် ပြန့်ပြန့်ပေါ်ပေါက်လာချိန်နှင့်တစ်ပြိုင်တည်း ဆိုသလို သမ္မတဦးသိန်းစိန်နှင့် ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ မိန့် ခွန်းများ ပြည်သူများဆက်တိုက် နားဆင် လိုက်ရပြီး မိန့်ခွန်းများထဲမှ ထူးခြားချက် များကို နိုင်ငံရေးရပ်ဝန်းကြား ဝေဖန်သုံးသပ် သံများ ညံသွားခဲ့သည်။ ရာထူးသက်တမ်း သုံးနှစ်ပြည့် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသော သမ္မတ၏မိန့်ခွန်း၌ ““ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် အညီပြင်ဆင်ရန် အလေးထား လိုက်နာကြရမှာ ဖြစ်ကြေ၊ာင်း””ထည့် သွင်းပြောကြား ခဲ့သည်။ တပ်မတော်နေ့ အခမ်းအနား၌ ကာ/ချုပ် ပြောကြားသော မိန့်ခွန်း၌လည်း ““အခြေခံဥပဒေ ပြင်ဆင် ရန် လိုအပ်လာလျှင်လည်း အခန်း (၁၂) အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း”” ထည့်သွင်း ပြောကြားခဲ့ပြန်သည်။

ဤနှစ်ချက်ကို ထောက်ရှုလျှင် အခန်း ၁၂ ပါ အခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ အား ဦးတည်ရည်ညွှန်း ကြောင်း အထင်အရှားပြဆိုနေပေသည်။ ပုဒ်မ၄၃၆ သည် အခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းတွင် သော့ခ လောက်သဖွယ် ဖြစ် နေသည်ရှိရာ အစိုးရနှင့် တပ်မတော်တို့ ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒမထက်သန် ပုံကို အသေအချာ ရည်ညွှန်းနေပေသည်။ ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ဆိုသလို အင်တိုက် အားတိုက် ကျယ်ပြန့်လာခြင်းကို အဟန့် သဘောဆောင်တန်ပြန်ခြင်းဟု မှတ်ယူ နိုင်ပါသည်။…

တိုင်းရင်းသားလော်ဘီ

မိန့်ခွန်းနှစ်ရပ်လုံးတွင် တိုင်းရင်းသား အရေးနှင့် ပတ်သက်၍မူ အထူးဂရုထား လိုက်လျောမည့်သဘောများ ပါဝင်နေခဲ့ သည်။ တိုင်းရင်းသားများအားစည်းရုံးရေး ဗျူဟာခင်းသည့်မိန့်ခွန်းများဟုပင် ဆိုနိုင် သည်။ အတိုက် အခံပါတီကြီးဖြစ်သော NLD ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် ညီ ညွတ်ရေးဗျူဟာတည်ဆောက်မှု အား နည်း နေချိန်တွင် အဆိုပါမိန့်ခွန်းများ၌ တိုင်းရင်းသားများ သဘောခွေ့မည့် စကားရပ်များ ပါဝင်နေသည်မှာ ၂၀၁၅ ရွေးကောက် ပွဲအတွက် တင်ကြိုစည်းရုံးခြင်း ဗျူဟာတစ် ရပ်ဖြစ်နိုင်သည်ဟု နိုင်ငံရေးရပ်ဝန်းမှ လေ့ လာသုံးသပ် ပြောဆိုလျက်ရှိကြသည်။

၂၀၁၅၊ လွတ်လပ်နိုင်သော်လည်း တရားမမျှတနိုင်

မတ်လ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက်္ကဋ္ဌ ဦးတင် အေးက ၂၀၁၅ ရွေးကောက်ပွဲ အား ဟာကွက် မရှိအောင် အောင်အောင်မြင်မြင်ဖြင့် လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေး ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စောင့်ကြည့်အဖွဲ့ (Observer) များဖြင့် စနစ်တကျ စီမံသွားမည် ဟုပင်ပြော ကြားခဲ့သည်။ မတ်လ ၆ရက် နေပြည်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းမှ ဘယ်ပါတီကိုမှ ရန်သူလို သဘောမထားဘဲ ဒေါ်စုအားလည်း လုပ်ဖော် ကိုင်ဖက်လို သဘော ထားကြောင်း၊ ပါတီအချင်းချင်း အပြုတ်တိုက်၊ အပြတ်ရှင်းစနစ်ကို လုပ်ဆောင်မည် မဟုတ်ကြောင်း။ သို့သော် ရွေးကောက်ပွဲကျင်းပသည့် အချိန်တွင်မူ ““NLD ကလည်း အလျှော့ပေးမှာမဟုတ် ဘူး။ ကိုယ်တို့ကလည်း အနိုင်မပေးနိုင်ဘူး။ တရားမျှတသန့်ရှင်းစွာ လုပ်ဆောင်မယ်””ဟု ပြောကြားခဲ့သည်။

ဤအချက်များကို ထောက်ရှု၍ စစ် သားဟောင်းကြီးများ ကတိတည်မည်ဆိုလျှင် ရွေးကောက်ပွဲအား မဲမလိမ်၊ မဲမညစ်ဘဲ နိုင်အောင် ပြိုင်မည်ဟု ကြုံးဝါးခြင်းပင် ဖြစ်သည်။ ဤရှုထောင့်မှ စဉ်းစားလျှင် မည်သို့နိုင်အောင် ပြိုင်မည်နည်းဟု စဉ်းစားစရာရှိလာသည်။ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ သန့်ရှင်းစွာ ယှဉ်ပြိုင်မည်ဆိုလျှင် NLD ပါတီအားနိုင်ဖို့ ရန် အကြောင်းမမြင်ပေ။ သို့သော် သမ္မတ ရွေးချယ်ပွဲ၌ တပ်မတော် ၂၅ ရာခိုင်နှုန်း အကူအညီဖြင့် သမ္မတဖြစ်ရန် အခွင့်အလမ်း တစ်ရပ်ရှိနေသည်ကို အထူးဂရုပြုသင့်သည်။

(၁) ကြံ့ခိုင်ရေးပါတီ (သို့) တပ်မတော်မှ တစ်ဦး သမ္မတဖြစ်ရန် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲ၌ မဲရာခိုင် နှုန်း ၃၄ ရာခိုင်နှုန်း (၃၃ ဒသမ ၅၃ ရာခိုင်နှုန်း) ရရန်လိုအပ်သည်။

(၂) NLD ပါတီမှ သမ္မတရွေးချယ်ပွဲတွင် သမ္မတဖြစ်ရန် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနည်းဆုံး မဲ ၆၇ ရာခိုင်နှုန်း ရရှိထားရန် လိုအပ်သည်။

(၃) သမ္မတရွေးချယ်ခြင်း ပုဒ်မ (၆၀) အရ NLD ပါတီအနေဖြင့် သမ်္မတဖြစ်ရန် နိုင်ငံအ၀န်း မဲရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်း ခန့်ရရှိထားမှ စိတ်ချရမည့်သဘောဖြစ်သည်။

(၄) နိုင်ငံအ၀န်း တောင်ပြို၊ ကမ်းပြို အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် ပင် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရ၍ ၉၀၊ ၁၀၀ စသည်ဖြင့် ရာနှုန်းပြည့်မနိုင်ခြင်းကို ထောက်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ၇၀ ရာခိုင်နှုန်းရရန်မှာ ထင်သလောက် လွယ်ကူမည်ဟု ကြိုတင်တွက် ဆမထားသင့်ဟု သုံးသပ်ကြည့်ခြင်းဖြစ် သည်။

(၅) ပါတီကြီးဖြစ်သော NLD ပါတီ မပါဝင်ဘဲ တစ်ယောက်တည်းပြိုင်၊ တစ်ယောက်တည်းနိုင် သဘောမျိုးရှိခဲ့ပြီး မဲ မသာမာမှု များလည်းရှိသည်ဟု စွပ်စွဲဝေဖန် မှုများရှိခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၇၉ ရာခိုင် နှုန်းကျော်သာ အနိုင်ရရှိခဲ့သည်ကိုလည်း သတိချပ်သင့်သည်။

(ပြည်ခိုင်ဖြိုးမဟုတ်သော အခြားပါတီများမှ ပြည်သူ့လွှတ်တော်အမတ် ၆၆ ဦး နှင့် အမျိုးသားလွှတ်တော် အမတ် ၃၉ ဦး လွှတ်တော်တွင်း ရောက်ရှိလာခဲ့သည်။ လွှတ်တော်နှစ်ရပ် ရွေးကောက်ပွဲရလဒ်၏ ၂၁ ရာခိုင်နှုန်း ရှိသည်။

(၆) (သမ္မတ ရွေးချယ်ပွဲတွင် လွှတ် တော် နှစ်ရပ်သာပါဝင်၍ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ် တော်အမတ် များ၏ မဲများ အကျုံးမ၀င်၊ မပါရှိသည်ကိုလည်း သတိချပ်သင့်သည်။)

(၇) ကြံ့ခိုင်ရေးပါတီအနေဖြင့် သမ္မတဖြစ်ရန် တပ်မတော် ၂၅ရာခိုင်နှုန်း အကူ အညီဖြင့် ၃၄ ရာခိုင်နှုန်းရရှိရန် လိုအပ် သည့်အလျောက်လွှတ်တော်တွင်း ရောက် ရှိလာနိုင်သည့် တိုင်းရင်းသားပါတီ အမတ် များ၊ NLD မဟုတ်သော ကြံ့ခိုင်ရေး မိတ်ဖက် ဒီမိုကရက်ပါတီ အမတ်များအား သမ္မတ ရွေးချယ်ရာ၌ မဲများရရှိရန် ကြိုတင် မဟာ မိတ်ပြုစည်းရုံးထားနိုင်သည်ကို သတိမူသင့် ပေသည်။ ဤသို့သာ မဟာဗျူဟာကျ စည်းရုံးထားနိုင်လျှင် ကြံ့ခိုင်ရေးပါတီအတွက် သမ္မတဖြစ်ရန် ၃၄ ရာခိုင်နှုန်းပင် လိုအပ်တော့မည် မဟုတ်ပေ။ အောက်ပါ ဥပမာများ အတိုင်း စဉ်းစားကြည့်မည်။

ဥပမာ – ကြံ့ခိုင်ရေး + ကြံ့ခိုင်ရေး မိတ်ဖက်တိုင်းရင်းသားပါတီများ + ကြံ့ခိုင် ရေးမိတ်ဖက် NLD မဟုတ်သော အခြား ပါတီများ = ၃၄ ရာခိုင်နှုန်း

ဥပမာ -

(၁) ၂၀ % + ၁၀ % + ၄ % = ၃၄ %

(၂) ၁၅ % + ၁၅ % + ၄ % = ၃၄ %

(၃) ၁၇ % + ၁၃ % + ၄ % = ၃၄ %

ဤရှုထောင့်မှ စဉ်းစားလျှင် ၁၇ %၊ ၁၅ %၊ ၂၀ % ခန့်ရရုံဖြင့် တပ် ၂၅ % အကူအညီဖြင့် ကြံ့ခိုင်ရေး (သို့) တပ်မှ သမ္မတဖြစ်ပြီဖြစ်သည်။

အထက်ပါ အချက်အလက်အထောက် အထားများအရ ၂၀၁၅ ရွေးကောက်ပွဲ သည် လွတ်လပ်၍ သန့်ရှင်း စေကာမူ တပ်မတော်မှ ၂၅ ရာခိုင်နှုန်းပါဝင် နေခြင်းကပင် တရားမမျှတဟု ကောက်ချက်ချရခြင်း ဖြစ်သည်။

- ကြံ့ခိုင်ရေး၏ မိတ်ဖက်ဆိုရာ၌ ဘာသာရေးနည်းဖြင့် ပါတီတစ်ခု ထူထောင်ခဲ့လျှင် ဗုဒ္ဓဘာသာမဲ များလည်း ရရှိနိုင်သေးသည်။

- PR စနစ်သာ ပြုလုပ်ခဲ့လျှင်မူ ကြံ့ခိုင်ရေးအတွက် သမ္မတဖြစ်ရန် ဤမျှမဲ ရာခိုင်နှုန်းပင် မလိုအပ်တော့ချေ။

- တိုင်းရင်းသားနှင့် အခြားပါတီများ သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင် ရေးနှင့် NLD ပါတီတို့ဖြင့် မဟာဗျူ ဟာကျသော စည်းရုံးရေးအတွက် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်လာနိုင်သည်။

သုံးသပ်ချက်

NLD ပါတီအနေဖြင့် ၂၀၁၅ ရွေး ကောက်ပွဲ၌ ၇၀ ရာခိုင်နှုန်း နိုင်ထားလျှင် သမ္မတဖြစ်ရေး စိတ်ချရနိုင်သော် လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်လျှင် ဖြစ် တန်ဖွယ်ရာများမှာ-

(က) ၅၉(ဃ)နှင့် ၅၉(စ) အား ကြံ့ခိုင်ရေးနှင့် တပ်မှပြင်ပေးမည်။

(ခ) ရွေးကောက်ပွဲ၊ လွှတ်တော်နှစ်ရပ် ၌ မဲ ၆၅ ရာခိုင်နှုန်းခန့် အနိုင်ရမည်။

(ဂ) ဒေါ်အောင်ဆန်းစုကြည် ဒု-သမ္မတ (သမ္မတလောင်း)အဖြစ် လွှတ်တော်တစ်ရပ်မှ အရွေးခံရမည်။

(ဃ) သမ္မတ ရွေးချယ်ရာတွင်မူ ရှုံးနိမ့်၍ ဒေါ်အောင်ဆန်းစုကြည် ဒု-သမ္မတသာ ဖြစ်မည်။

(င) ဒေါ်အောင်ဆန်းစုကြည် ဒု-သမ္မတဖြစ်လျှင် ပါတီနှင့်ကင်းကွာ၍ NLD ပါတီ အင်အားချည့်နဲ့နိုင်သည်။

ဤအခင်းအကျင်းအတိုင်း ဖြစ်လာခဲ့လျှင် တိုင်းပြည်အရေး ဘာဖြစ်နိုင်မည်ကို စာရှုသူများ ဆက်လက် စဉ်းစားပါ ကုန်။ NLD ပါတီ၏ အနိုင်ရနိုင်ခြေ တောင်ပြို ကမ်းပြိုသည် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းခန့် တွက်ချက်ထားပါမူ အထက်ပါ တွက်ချက်မှုများအား ထည့်သွင်း စဉ်းစားရန် လိုမည်မထင်ပေ။

Myanmartandawsint