On-off Button ပျက်သွားတဲ့ iPhone 5 အတွက် အခမဲ့ပြုပြင်ပေးမည် ဖြစ်ကြောင်း Apple ကြေညာ

ပို့စ်တင်ချိန် - 4/26/2014 01:58:00 PM


Power Button များအလုပ်မလုပ်တော့သော iPhone 5 ဟန်းများအတွက် အခမဲ့ပြုပြင်ပေးမှု ပြုလုပ်သွားမည်ဖြစ်ကြေင်း Apple မှ အတိအလင်း ကြေညာလိုက်ပါတယ်။ ထိုသို့ချို့ယွင်းချက်များရှိနေသည့် iPhone များရဲ့ Serial နံပါတ်များကို Apple Website တွင် ပေးပို့ပြီး သတ်မှတ်ထားတဲ့အချက်များနဲ့ ကိုက်ညီတယ်ဆိုရင် ကုမ္ပဏီမှအခမဲ့ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဆိုထားပါတယ်။

“ဖုန်းကို On-off လုပ်ရတဲ့ Power ခလုတ် ပျက်တာဟာ iPhone 5 အသုံးပြုသူတွေကြားမှာ အဖြစ်နည်းတဲ့ ပြဿနာပါ။ ဒါပေမယ့် Power ခလုတ်ဆိုတာ စက်တစ်ခုလုံးကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်ပြီဆိုရင် ဖုန်းရဲ့လုပ်ဆောင်မှုတွေ အကုန်လုံး ရပ်တန့်သွားပါတယ်” ဟု Apple မှ ပြောကြားထားပါတယ်။

ယခုကဲ့သို့ အစားထိုးလဲလှယ်ပေးမှု ပြုလုပ်ပေးခြင်းမှာ Apple ၏ သမိုင်းတစ်လျှောက် ရှားပါးလှသော အဖြစ်အပျက်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ဖြန့်ချိခဲ့တဲ့ iPhone 4 တုန်းကလည်း Antenna ပြဿနာဖြစ်ပေါ်ခဲ့၍ အခမဲ့ပြင်ဆင်ပေးမှု ပြုလုပ်ခဲ့ဖူးပါတယ်။

Ref : Cnet
May Thazin (TSJ Team)
TechSpace Journal