သက်တော်စောင့်ဟောင်းရဲ့တရားစွဲဆိုမှုကို ခံနေရတဲ့ Rihanna

ပို့စ်တင်ချိန် - 4/29/2014 04:00:00 PM


သက်တော်စောင့်ဟောင်းဖြစ်သူက လွဲမှားပြီးဆိုးဝါးတဲ့မှတ်ချက်ပေးမှုတွေအတွက် Rihanna ကိုတရားစွဲဆိုထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက pop အဆိုတော်ဟာ သူ့ရဲ့အကြောင်း မဖွယ်မရာရန်လိုပြီး လွဲမှားတဲ့ ဖေါ်ပြချက်တွေ ပါဝင်တဲ့ Email ကို သူနဲ့ သူ့ဇနီးထံကို ပို့လိုက်တယ် လို့ Dublin မြို့က Geofferry Keating ဆိုသူကပြောပါတယ်။

ဒါ့အပြင် Rihanna က သူ့ အစ်မ/ညီမကို ခေါ်ဆိုတဲ့ဖုန်းမှာ အလားတူ မှားယွင်းတဲ့စွပ်စွဲချက်တွေ ပြုလုပ်ခဲ့တယ်လို့လဲဆိုပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ကနေ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ပြုလုပ်တဲ့ Rihanna ရဲ့ Diamonds နယ်လှည့်ဖျော်ဖြေပွဲမှာ Rihanna အတွက်အလုပ်လုပ်ပေးခဲ့တဲ့ Mr Keating က အဆိုပါမှတ်ချက်များက သူ့ရဲ့ဂုဏ်သတင်းကို မှေးမှိန်စေပြီး၊ သူ့လုပ်ငန်းအနာဂတ်ကို ထိခိုက်စေတယ်လို့ဆိုပါတယ်။

အဲဒီ့ သက်တော်စောင့်ဟောင်းဟာ Rihanna ကိုပြစ်ဒဏ်ပေးဖို့ တရားရုံးကိုတောင်ဆိုမှာဖြစ်ပြီး ဒီအသရေဖျက်မှုအတွက် Rihanna တစ်ယောက်လူသိရှင်ကြား အမှားပြင်ဆင်မှုကို ပြုလုပ်စေဖို့ ဆန္ဒရှိနေပါတယ်။

မနေ့က (ဧပြီ ၂၈) Mr Keating ရဲ့ရှေ့နေဖြစ်သူ Gerald Kean ကို New York မှာရှိတဲ့ Rihanna ရဲ့အိမ်ကိုသွားပြီး အကြောင်းကြားစာပေးပို့ဖို့ ခွင့်ပြုခဲ့ပါတယ်။

‘ကျွန်တော်တို့ ဒီတိုက်ပွဲကို အရေးတကြီးကိစ္စလို့ သဘောထားပါတယ်။ နောက်ဆုံးမှာ အိုင်းရစ်တရားရုံးတော်က တရားသဖြင့်ဆောင်ရွက်သွားမှာကို ကျွန်တော်တို့ ကျေနပ်ပါတယ်’ လို့ ရှေ့နေ Mr Kean က TMZ.com ကိုပြောပါတယ်။

Ref:starpulse.com
Trend Myanmar