Samsung Galaxy K zoom ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ ဖုန်း + ကင်မရာ နှစ်မျိုးပေါင်း...

ပို့စ်တင်ချိန် - 4/29/2014 03:47:00 PM


ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ ဖုန်း + ကင်မရာ နှစ်မျိုးပေါင်းစပ်မူဖြစ်တဲ့ Galaxy S4 Zoom လိုမျိုး နောက်ထပ် အသစ်တစ်မျိုးကို ဆမ်ဆောင်းက အခု

တစ်ခါထပ်ထုတ်ဖို့ ကြိုးစားလာပါတယ်။ သူနာမည်ကတော့ Galaxy K zoom ဖြစ်ပါတယ်။ အင်တာနေရှယ်နယ် K Zoom ဟာ RAM 2GB,
ဆမ်ဆောင်းရဲ့ hexa-core Exynos ချိပ်စ် တို့ပါဝင်ပါတယ်။ ထို ချိပ်စ်ဟာဆိုရင် quad-core 1.3GHz နဲ့ dual-core 1.7GHz processors တို့ ပေါင်းစပ်ပါဝင်ထားပါတယ်။ ဒါဟာ Galaxy S5 လိုမျိုး ယှဉ်တွဲပေါင်းစပ်ခြင်း တစ်ခုတော့ မဟုတ်ပါဘူး။ 3G နဲ့ LTE ရရှိနိင်ပြီး အတွင်းမှတ်ဥာဏ် 8GB ,မျက်နှာပြင်အနေနဲ့ 4.8 လက်မ, ကို ရရှိမှာ ဖြစ်ပြီး Zoom အမျိုးအစား တစ်ခု ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ 20.7 megapixel နဲ့ BSI CMOS ဆင်ဆာကို ရရှိနိင်မှာ ဖြစ်ပါတယ်။




ကင်မရာပိုင်းကို ဦးစားပေးထားတာကိုတွေ့ရပါတယ်။ အတိအကျနဲ့ ဘယ်မှာတွေ ရနိင်လဲဆိုတာကိုတော့ ဆမ်ဆောင်းက ကြော်ငြာခြင်း မရှိသေးပါဘူး။

Aung Heine.
Smart Pro Journal