Samsung ကယခုနှစ်အတွင်းနောက်ထပ် SmartWatch အသစ်တစ်လုံးထပ်မံထုတ်လုပ်သွားနိုင်ဖွယ်ရှိ

ပို့စ်တင်ချိန် - 4/29/2014 12:52:00 PM


ကမ္ဘာကျော်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung ကယခုနှစ်အတွင်းတွင်နောက်ထပ် SmartWatch အသစ်တစ်လုံးကို ထပ်မံထုတ်လုပ်သွားမဲ့အခြေအနေဖြစ်ပေါ်နေကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်တွင် Samsung က Android ဗာရှင်းကိုအခြေ ခံထားသော Galaxy Gear အမည်ရှိ SmartWatch တစ်လုံးကိုမိတ်ဆက်ပြသခဲ့ ပြီးဖြစ်သည်။

ထို့အပြင်ယခုလဆန်းပိုင်းတွင်လည်း SmartWatch နှစ်လုံးဖြစ်သော Galaxy Gear 2 နှင့် Gear 2 Neo တို့ကိုထက်မံမိတ်ဆက်ခံပြီဖြစ်ပြီးယင်းစမတ် နာရီနှစ်လုံးကို Samsung က ၎င်း၏ကိုယ်ပိုင် Software ဖြစ်သော Tizen Sofware ပေါ်မှာအခြေခံပြုလုပ်ထားပါသည်။

ဒါ့အပြင် နောက်ထပ် SmartWatch တစ်လုံးဖြစ်သည့် Gear Fit က လည်းဈေးကွက်ထဲတွင်နေရာရထားလာခဲ့ပြီဖြစ်သည်။

ထိုအခြေအနေများကြောင့်Samsung Product Design ပိုင်း၏ Senior Vice President ဖြစ်သူ Hankil Yoon က၎င်းတို့ကုမ္ပဏီဟာငါးခုမြောက်သော SmartWatch အတွက်ပြင်ဆင်မှုများပြုလုပ်နေသည်ဟုပြောဆိုခဲ့ပြီးယင်း Device အသစ်ဟာ Android စနစ်ပေါ်မှာအခြေခံထားမှာဖြစ်သည် ဟုသိရသည်။

လက်ရှိအချိန်တွင်စမတ်ဖုန်းဈေးကွက်၏ပြိုင်ဆိုင်မှုပြင်းထန်နေပြီး Samsung ကဖြစ်နိုင်ချေရှိတဲ့အရာမှန်သမျှနဲ့အတူမိမိ၏ပြိုင် ဘက်တွေကိုယှဉ်ပြိုင်ဖို့ စီစဉ်နေခြင်းဖြစ်ပါသည်။

ဒါ့အပြင် Hankil Yoon ကကုမ္ပဏီဟာ၎င်းတို့၏ Tizen Operating စနစ်ပေါ်မှာ အခြေခံထားသည့်အဆင့်မြင့်ဖုန်းတစ်လုံးကိုနောက်လ အနည်းငယ်အတွင်းမှာထုတ်ဖော်မိတ်ဆက်ပေးသွားအုံး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref : Yahoo Tech
Wai Phyo Aung (TSJ Team)
TechSpace Journal