Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူတစ်ဦးကို ရဲတွေ ဖမ်းမိ

ပို့စ်တင်ချိန် - 4/05/2014 01:20:00 PM





Angel on 2014-04-05 10:35    
ပေါ့ပ်အဆိုတော်၊သရုပ်ဆောင်မလေး Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ရဲတွေ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယဖြစ်စရာလူတစ်ယောက် Selena Gomez ရဲ့ အိမ်ခြံစည်းရိုးကို ခုန်ကျော်ဝင်ရောက်သွားတာကို အိမ်နီးချင်းတွေက ရဲကို အကြောင်းကြား ခဲ့တဲ့အတွက် အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုင်နက်ကျူးကျော်မှုအတွက် သံသယရှိသူကို ရဲတွေဖမ်းဆီးမိပြီးနောက်မှာ California ပြည်နယ် Calabasas  မြို့ က သူမရဲ့နေအိမ်မှာ ရဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုလို သူမရဲ့ စံအိမ်ထဲ ကျူးကျော်ဝင်ရောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနှစ် ဇန်န၀ါရီလတုန်း ကလည်း ၁၉ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်ဟာ San Fernando တောင်ကြား Tarzana အရပ်က သူမရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။

အခင်းဖြစ်ပွားချိန်မှာ အသက် ၂၁ နှစ်အရွယ်အဆိုတော်မလေးဟာ အိမ်မှာ မရှိနေဘဲ LA က သူမရဲ့ ရှေ့ နေ ဆီသွားရောက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သူမအိမ်ကို ပြန်ရောက်လာတဲ့ Selena Gomez တစ်ယောက် အိမ်မှာ ရဲတွေပြည့်နှက်နေလို့ စိတ်ညစ်နေရပုံပေါ်တယ်လို့  TMZ သတင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Trend Myanmar