Selfie ရိုက်ကောင်းလို့ အကန်ခံလိုက်ရတဲ့ ဆယ်ကျော်သက်

ပို့စ်တင်ချိန် - 4/17/2014 12:03:00 PM


အန္တရာယ်များတဲ့ သွားလာနေတဲ့ ရထားတွဲတွေအနားမှာ selfie ရိုက်မိလို့ ဆယ်ကျော်သက် လူငယ်တစ်ယောက် အကန်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် မှတ်လောက်စရာ သင်ခန်းစာ ဖြစ်သွားလိမ့်မယ်လို့ ပြောကြပါတယ်။


ဆယ်ကျော်သက်လူငယ် Jared Michael တစ်ယောက် သူ့ခေါင်းကို မီးရထားအင်ဂျင်နီယာရဲ့ ဘွတ်ဖိနပ်နဲ့ ကန်ခြင်းခံလိုက်ရပါတယ်။ ဒါ့အပြင် ထုံထုံအအ ဓါတ်ပုံရိုက်သူလို့ပါ အော်ဟစ်ခဲ့ပါသေးတယ်။

အဆိုပါ အဖြစ်အပျက်ကို အကန်ခံခဲ့ရတဲ့ Michael က ဗွီဒီယို ရိုက်ကူးခဲ့ပြီး Youtube ပေါ်တင်ခဲ့ပါတယ်။ ဒါ့အပြင် သူက အခုလို ရှင်းပြထားပါသေးတယ်။ သူဟာ သူ့နောက်ကနေ ရထားဖြတ်သွားတာကို နောက်ခံထားပြီး Selfie ရိုက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပြီး သူဟာ စိတ်ချလုံခြုံတဲ့ အကွာအဝေးမှာ ရှိနေခဲ့ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့်  ရထားနဲ့ တော်တော်တော့နီးတယ်။ ဒါ့ကြောင့် ရထားပေါ်ကနေ လှမ်းပြီး သူ့ခေါင်းကို ကန်သွားတာလို့ ပြောပါတယ်။

အောက်က ဗွီဒီယိုမှာတော့ Michael ရဲ့ အဖြစ်အပျက်ကို ကြည့်နိုင်ပါတယ်။ စာဖတ်သူ ပရိသတ်တွေလည်း ကိုယ့်အသက်အန္တရာယ်  ဖြစ်စေမယ့် အနေအထားမှာ Selfie ရိုက်ခြင်း ရှောင်ကြပါလို့ တိုက်တွန်းပါရစေ။



World-Myanmar