ကွာရှင်းပြီးမှ အဓမ္မကျင့်ဖို့ကြိုးစားလို့ အပြစ်ပေးခံရတဲ့ Twitterမှ အင်ဂျင်နီယာ လိင်တူစုံတွဲ

ပို့စ်တင်ချိန် - 4/12/2014 02:19:00 PM



တွစ်တာမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်သူ လိင်ပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကွာရှင်းဖို့  လျှောက်လွှာတင်ထားပြီး  ဖြစ်တဲ့ သူမရဲ့ ဇနီးအား အတင်းအကျပ် ကာမကျူးလွန်မှုနဲ့
အပြစ်ပေးခဲ့ပါတယ်။

ဒါနာမက္ကလမ်အမည်ရှိသူ အမျိုးသမီးဟာ တွစ်တာမှ စီနီယာ အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူမဟာ အခုဆိုရင် သူမနဲ့ ကွာရှင်းပြတ်စဲဖို့ သဘောတူ စာတင်ထားသူ ဇနီးဟောင်းကို စာတင်ပြီး ညမှာပဲ အတူအိပ်ဖို့ ကြိုးစားခဲ့ခြင်းကြောင့် အမှုငါးခုနဲ့ ရင်ဆိုင်နေရပါတယ်။

ပြစ်မှုဆိုင်ရာ စာရွက်စာတမ်းများမှာတော့ သူမကို ဒါနာကွန်တရီအက်စ်လို့ အမည်ခေါ်တွင်ပြီး အိမ်ထောင်ဖက်အား အဓမ္မကျင့်ကြံမှု၊ မှားယွင်းစွာ ထောင်ကျခံမှုနဲ့ ဆူပူမှုစတာတွေနဲ့ တရားစွဲထားခြင်း ခံရပါတယ်။

သူမကို နည်းပညာနယ်ပယ်ထဲမှာ ထိပ်တန်း အရေးကြီး  လိင်တူချစ်သူ ၁၀ယောက်ထဲက တစ်ဦးအဖြစ် စာရင်းသွင်းခြင်း ခံထားရသူ ဖြစ်ပါတယ်။ သူမကိုတော့  ယောက်ျားလေးအနေနဲ့  မွေးဖွားခဲ့ခြင်း  ဖြစ်သော်လည်း မိန်းမအသွင် ကူးပြောင်းခဲ့တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။

သူမနဲ့ သူမရဲ့ဇနီး (အမှုအခြေအနေအရ အမည်ဖော်ပြထားခြင်းမရှိ) တို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ခြောက်နှစ်ကျော်ခဲ့ပါပြီ။ ဆန်ဖရန်စစ္စကို ပြည်နယ်ရဲ့ တရားရေးဆုံးဖြတ်ပိုင်ခွင့် ရှိသူကတော့ သူမနဲ့ သူမရဲ့ ဇနီးကို အတူမနေကြဖို့၊ ခွဲနေကြဖို့ သတ်မှတ်ထားပေမယ့်လည်း အမှုဖြစ်တဲ့ ညမှာတော့ သူတို့ဟာ အတူအိပ်တာ တွေ့ရှိရကြောင်း ပြောခဲ့ပါတယ်။


သူမနဲ့ သူမရဲ့ ဇနီးဟာ ကွာရှင်းဖို့ စာရွက်စာတမ်းတွေ တင်ပြီးခဲ့ပေမယ့်လည်း ညနေခင်းတွေမှာတော့  တွေ့ဆုံခဲ့ကြပါတယ်။ အမှုဖြစ်တဲ့ ည ၂ နာရီမှာတော့ သူမရဲ့ ဇနီးဟာ သူမကို မတရား အနိုင်ကျင့် ခဲ့တယ်လို့  ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် မက္ကလမ်ကတော့ သူမ မှားယွင်းတဲ့ ဘာအပြုအမူမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အင်္ဂါပြောင်းခဲ့သူ မက္ကလမ်ဟာ သူမရဲ့ ခွဲစိတ်မှုဘာကြောင့် ကြာမြင့်ခဲ့တယ် ဆိုတာကိုတော့ ပြောဆိုခဲ့ဖူးခြင်း  မရှိပါဘူး။ သူမက “အဲလို ပြောင်းမယ်ဆိုရင်တော့ တစ်သက်စာပဲ။ ဆရာဝန်ဆီသွားပြီး ခွဲစိတ်လိုက်ရုံပဲ။ သုံးရက်ကြာရင် လမ်းလျှောက်ထွက်လို့ရပြီ။ လုံးဝ ဘ၀အသစ်စပြီ။ ဒါပေမယ့် ငါ့တုံးကတော့ မတူဘူး။ ငါ့ရဲ့ ခွဲစိတ်မှုတုံးက တစ်နှစ်နီးပါးကြာတယ်။ အဲဒီကြားထဲမှာ ကျားအင်္ဂါလား မအင်္ဂါလား မကွဲပြားတဲ့ အခြေအနေတစ်ခု ရှိခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။ သို့သော်သူမ ကျားအင်္ဂါကို ခွဲစိတ်ပြီး မအင်္ဂါပြောင်းခဲ့ခြင်း ဟုတ်မဟုတ်ကိုတော့ တိကျစွာ  ပြောထားခြင်းမရှိပါဘူး။

အင်္ဂါအဖွဲ့အစည်းတိုင်းအတွက် သူမငွေကြေးကုန်ကျခံခဲ့ပါတယ်။ သူမဟာ စီနီယာ အင်ဂျင်နီယာတစ်ဦး  ဖြစ်တဲ့အတွက် ၀င်ငွေးကောင်းတယ်လေ။ ဒါ့ကြောင့် များပြားတဲ့  ငွေကြေးပမာဏကို သူမရဲ့ အင်္ဂါအစိတ်အပိုင်း အားလုံး ပြောင်းလဲဖို့အတွက် အကုန်ခံနိုင်တာပေါ့။ အဓိက အရေးကြီးတာက  ငွေပဲလေလို့  သူမရဲ့ ရှေ့နေက ပြောဆိုပါတယ်။

တရားရုံးကတော့ ကျားအင်္ဂါနဲ့ပဲ ဖြစ်စေ၊ မအင်္ဂါနဲ့ပဲ ဖြစ်စေ၊ ပြစ်မှုထင်ရှားခဲ့လျှင် ထိရောက်စွာ အရေးယူရမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

စဉ်းစားစရာ နောက်တစ်ချက်က အမှုဖြစ်စဉ် အတွင်း သူမတို့နဲ့ တစ်အိမ်တည်း အတူနေထိုင်သူ ဆယ်ကျော်သက် လေးဦး ရှိလည်း အိမ်မှာ ရှိနေခဲ့ပါတယ်။ သူတို့တွေကတော့ အဓမ္မကျင့်တယ်၊ တိုက်ခိုက်ကြ ရန်ဖြစ်ကြတဲ့ အသံလည်း မကြားခဲ့ရကြောင်း ပြောပါတယ်။

မက္ကလမ်ရဲ့ တွစ်တာမှာတော့ ဒီအဖြစ်မှန် မပေါ်မခြင်းတော့ ဘာမှ မပြောနိုင်သေးပါဘူး၊ လို့ ရေးသားထားပါတယ်။

World Myanmar