Virus Shield ကားအမည်ရှိ APP အား Google က Play Store ကနေပယ်ဖျက်

ပို့စ်တင်ချိန် - 4/23/2014 01:54:00 PM


Google က ၎င်း၏ Play Store တွင်တင်ထားသော Virus Shield အမည်ရှိ Security Application တစ်ခုကိုပယ်ဖျက်လိုက်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်း App ကို Google ကပယ်ဖျက်လိုက်ချိန်တွင် Android Users အတော်များများက Download လုပ်ပြီးအသုံးပြုလျက်ရှိနေသည်ဟုသိရသည်။

ယင်းသို့ပယ်ဖျက်လိုက်ခြင်းရဲ့အကြောင်းဟာ Virus Shield ဟာ App အတုတစ်ခုအဖြစ်အထောက်အထားများကိုတွေ့ရှိရခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။

ယင်း App ကိုအမည်မသိ Software Developer တစ်ဦးကတီထွင်ခဲ့ခြင်းဖြစ် ပါသည်။

အဆိုပါ App ၏ဈေးနှုန်းမှာကန်ဒေါ်လာ ၃.၉၉ ဖြစ်ပြီးထို App ကိုလူပေါင်း ၁၀,၀၀၀ အသုံးပြုလျှင်၎င်း App ကိုပြုလုပ်တဲ့ Developer က ဒေါ်လာ ၄၀,၀၀၀ ရရှိမှာပဲဖြစ်သည်။

လက်ရှိမှာ McAfee ၊ Norton ၊ Avast ၊ AVG အစရှိတဲ့ Security Application တွေကို Play Store မှာ Free Download ပြုလုပ်လို့ရနေပါသည်။

ယင်း Virus Shield App ကို Java Code နှင့်ပြုလုပ်ကာ GitHub ပေါ် မှာတင်ထားတာပဲဖြစ်ပါသည်။

Android Police က “ Developer တွေ ဟာပိုက်ဆံလိမ်ဖို့အတွက် App အတုတွေကို မထုတ်လုပ်သင့်ပါဘူး “ Virus Shield ကိုအတုမှန်းတွေရှိတဲ့အချိန်တွင်ပြောကြား သွားခဲ့သည်။

ဆက်လက်ပြီး Android Police က “ကျွန် တော်တို့ဟာဒီ App ကိုအတုလို့ကြေညာလိုက်ပါတယ်။ဒါပေမဲ့သူကိုလက်ရှိမှာလူကြိုက်များနေတဲ့ Software ပါ။အချို့လူတွေ ဆိုပိုက်ဆံနဲ့ဝယ်ယူပြီးတော့တောင် အသုံးပြုနေပါတယ် “ ဟုပြောဆိုခဲ့သည်။

လက်ရှိမှာယင်း App ကိုဝယ်ယူထားတဲ့ အသုံးပြု သူတွေ၏ပိုက်ဆံ ကိုပြန်အမ်းပေးနိုင်မှာမဟုတ်ပေမဲ့ယခုမှစတင်ဝယ်ယူအသုံး ပြုထားတဲ့ Users ဆိုရင်တော့အသုံးပြုပြီး ၁၅မိနစ် အတွင်းပိုက်ဆံကိုပြန်လည်ပေးအပ်သွား မည်ဟု Google ကဆိုထားသည်။

Ref : Streetregister

WPA (TSJ Team)
TechSpace Journal