ခေတ်လူငယ်များ WiFi ဖြင့် အင်တာနက်အသုံးပြုမှု ပိုများလာ

ပို့စ်တင်ချိန် - 4/24/2014 12:45:00 PM


မကွေး ဧပြီ ၂၃

တိုးတက်လျက်ရှိသော ယနေ့ခေတ်လူငယ်များသည် သတင်း အချက် အလက်နှင့် သိရှိလိုသည်များကို တစ်နေရာတည်းမှ ရယူကြည့်ရှု လျက်ရှိရာ မကွေးမြို့ပေါ်တွင် WiFi Free လွှင့်ပေးသော
တိုင်းဒေသကြီး ပြန်/ဆက်ရုံးနှင့် လက်ဘက်ရည်ဆိုင်များတွင် နေ့/ညမပြတ် အသုံးပြုလျက်ရှိသည်။


မကွေး တိုင်းဒေသကြီးပြန်/ဆက်ရုံးမှ ပြည်သူကို အချိန်ပြည့် ၀န်ဆောင်မှု ပေးသောအနေဖြင့် (၂၄)နာရီ (လျှပ်စစ်မီးပြတ်တောက် သည်မှအပ) WiFi Free ထုတ်လွှင့်ပေးလျက်ရှိရာ ညနေစောင်း(၄) နာရီ နောက်ပိုင်းနှင့် ညအချိန်တို့တွင် အထူးလူစည်ကားလျက်ရှိပါသည်။ ၎င်းတို့အထဲမှ WiFi Free ဖြင့် အင်တာနက် ဖမ်းယူကြည့်ရှုရန် လာရောက်သော လူငယ်တစ်ဦးမှ သုံးလို့ကောင်းပါတယ် ၊ Downloads ဆွဲယူမယ်ဆိုရင် လိုင်းမကောင်းတော့ မရဘူး၊ စာဖတ်ရုံ၊ပုံကြည့်ရုံတော့ အဆင်ပြေတယ်၊ Viber နဲ့ Free Massage ပို့တာ ၊ဖုန်းခေါ်တာ အဆင်ပြေပါတယ် ဟုပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။

MOI Webportal Myanmar