ရုရှားမြို့တော် မော်စကိုအနီး ရထားတိုက်မှု အနည်းဆုံး လူ ၆ ဦးသေဆုံး

ပို့စ်တင်ချိန် - 5/21/2014 11:42:00 AM


ရုရှားနိုင်ငံ မော်စကိုမြို့တောင်ဘက်တွင် ရထားတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိသွားသည်။ အင်္ဂါနေ့ ဒေသစံတော်ချိန် နေ့လည် ၁၂း၃၀ ဝန်းကျင်တွင် အဆိုပါ ရထားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကုန်တင်ရထားတစ်စင်း လမ်းချော်သွားပြီးနောက် ခရီးသည်ပို့ဆောင်သည့် ရထားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဒဏ်ရာရရှိသူများအနက် ၁၅ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောကြားသည်။

ရထားတိုက်မှု ဖြစ်ပွားရာနေရာတွင် လူ ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူ အရေအတွက်ကို တာဝန်ရှိသူများက ပြောကြားရာတွင် ကွဲပြားမှုများရှိနေပြီး ၂၅ ဦးမှ ၄၅ ဦးအထိ ဖြစ်နိုင်ကြောင်း သိရသည်။ ကုန်တင်ရထားက တိုက်မိခဲ့သည့် ခရီးသည်ပို့ဆောင်ရေး ရထားပေါ်တွင် ခရီးသည် ၄၀၀ ခန့် လိုက်ပါလာကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောကြားသည်။

Planet Myanmar Network